အာရုံစားတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုကိုင်တွယ်မလဲ

အာရုံစားတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုကိုင်တွယ်မလဲ

ရုံးတက်ဖို့အရေး တွေးကြောက်နေရတဲ့အကြောင်းရင်းတွေထဲမှာ အလုပ်ခွင်ထဲက လူတချို့နဲ့ ရင်မဆိုင်ချင်တဲ့အကြောင်းလည်း ပါကောင်းပါမယ်ထင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ယောက်က အလုပ်အပေါ်အာရုံစိုက်လို့မရအောင် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ အာရုံစားတတ်တယ်ဆိုရင် …

ဒါက မဆန်းပါဘူး။ နေရာတိုင်းမှာ ဒီလိုလူမျိုးတွေက အနည်းဆုံးတစ်ယောက်လောက်တော့ ရှိစမြဲပါ။ ဒီလိုလူတွေရန်က လွတ်အောင်ဆိုပြီး ရှောင်ပုန်းနေဖို့ကလည်း အမြဲတမ်းအဆင်မပြေပါဘူး။ ဒီတော့ သူတို့ကို ဘာတွေဘယ်လိုလုပ်ပြီး ဘယ်လိုတွေကိုင်တွယ်သင့်လဲဆိုတာတွေကို အခရာက ပြောပြပေးမယ်။

သူတို့တွေ ဘာပြောပြော စိတ်ရှည်ရှည်ထားပါ

ကိုယ်စိတ်မဝင်စားတဲ့အကြောင်းတွေ၊ အလုပ်နဲ့မသက်ဆိုင်တဲ့အကြောင်းတွေနဲ့ အတင်းအဖျင်းတွေကို ဘေးနားလာလာပြီး ပြောနေတတ်တဲ့စကားတွေကို နားထောင်ရုံသာ နားထောင်ပြီး စိတ်ထဲမထည့်ပါနဲ့။ “သူကလေ ဒီလိုတဲ့ ဘယ်လိုမြင်လဲ ပြောပါဦး” ဆိုပြီး ပြန်မေးလာမယ့်မေးခွန်းတွေကို အတိအကျပြန်မဖြေဘဲ ယုန်ကလေး နှာစေးနေတယ်သာ လုပ်လိုက်ပါ။

ပြန်မဆွေးနွေးမိပါစေနဲ့။ ဒီတိုင်းပဲ နားထောင်ပါ

ဥပမာ – သမီးရည်းစားကိစ္စတိုင်ပင်တိုင်း သူ့ဘက်ကချည်း မှန်ကန်ကြောင်း အပိုစာသားတွေထည့်ပြီး ပြောနေတဲ့အချိန်မျိုးဆိုရင် ယောင်လို့တောင် တစ်ဖက်လူက ဒီလိုဒီလိုရှိမှာပေါ့ဆိုပြီး သွားမပြောမိပါစေနဲ့။ တချို့နေရာတွေမှာ ပြန်လည်ဆွေးနွေးပေးတာမျိုးက ဘာမဆိုင်ညာမဆိုင် အမုန်းပွားစေပါတယ်။ သူပြောတာ ဒီတိုင်းပဲ နားထောင်နေလိုက်ပါ။


တူညီတာတွေကို ရှာဖွေထားပါ

ကိုယ်တိုင်ကလည်းအားနာတတ်သူမျိုးဖြစ်ခဲ့သည်ရှိသော် သူ့စကားတွေကို နားမထောင်ချင်တော့တဲ့အခါ သူနဲ့ ကိုယ်နဲ့ကြားမှာ ပြောလို့ရမယ့် တူညီတဲ့အချက်တစ်ခုခုကိုရှာပြီး စကားလှည့်ပြောပါ။ ဥပမာ – ကိုယ်ကလည်း ခွေးချစ်တယ်၊ သူကလည်း ခွေးမွေးထားတယ်ဆိုရင် ခွေးလေးတွေအကြောင်း လှည့်ပြောတာမျိုးပေါ့။

“Search Google” လို့ ပြောတတ်အောင် ကျင့်ပါ

လုပ်ငန်းခွင်စရောက်တတ်တဲ့သူတွေက သင်ယူဆဲကာလမို့ သူတို့ဆီက အမေးအမြန်း ထူတာမျိုးလည်း ရှိပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေချိန်မှာ ကိုယ်တိုင်ကိုယ်ကျ အမြဲသင်ပြနေဖို့က မလွယ်ကူပါဘူး။ ဒီတော့ Self Learning လည်း လုပ်တတ်အောင် သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိအောင်လို့ ဗဟုသုတဟင်းလေးအိုးကြီးလို့ ပြောနိုင်တဲ့ Google နဲ့ You Tube တွေမှာ အရင်လေ့လာခိုင်းပါ။ ပြီးမှ မရှင်းတာရှိရင် လာမေးဖို့ ပြောပါ။ ဒီလိုလုပ်ပေးတာက သူ့ကို Independent ဖြစ်အောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။

လက်တုံ့ပြန်ဖို့ မကြိုးစားပါနဲ့

သီချင်းတွေအကျယ်ကြီးဖွင့်ပြီး ပါးစပ်ကလည်း သီချင်းလိုက်ဆိုနေလို့ဆိုပြီး ကိုယ်ကလည်း အရွဲ့တိုက်တဲ့ သဘောနဲ့ သူ့ထက် အသံပိုကျယ်ပြီး သီချင်းဖွင့်တာမျိုး မလုပ်မိပါစေနဲ့။ စိတ်အနှောင့်အယှက်ပေးတဲ့သူဟာ သူမဟုတ်ဘဲ သင်ဖြစ်သွားပါလိမ့်မယ်။


တစ်ယောက်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ပါ

ဒီလိုတိုင်ပင်ရာမှာ ကိုယ့်လုပ်ငန်းခွင်ထဲက လုပ်ပိုင်ခွင့်ရှိတဲ့သူဆို ပိုအဆင်ပြေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ဘေးလူတွေစိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေကို သတိပေးစကားပြောပေးဖို့ အကောင်းဆုံးလူ ဖြစ်နေလို့ပါပဲ။ အကယ်လို့ လုပ်ပိုင်ခွင့်ရှိတဲ့သူကသာ ကိုယ့်စကားတွေကို အရေးတယူ မလုပ်ဘူးဆိုရင်တော့ ရင်ဖွင့်ဖော်တစ်ယောက်သာ ရှာထားလိုက်ပါတော့။ အလုပ်ခွင်ထဲက ကိုယ်နဲ့ထပ်တူ ခံစားနေရသူအချင်းချင်း ဒီအကြောင်းတွေကို ရင်ဖွင့်ပြောရင်လည်း ထွက်ပေါက်တစ်ခု ရနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင်ကို ပြန်ဆန်းစစ်ပေးနေဖို့ပါ

သင်ကရော လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တသီးတသန့်ကွဲထွက်နေသူလား ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်မိသူက ကိုယ်တိုင်လား ဆိုတာ ပြန်ဆန်းစစ်ပေးပါ။ အလုပ်ချည်းပဲ ကုန်းလုပ်နေလို့လည်း အလုပ်ခွင်မှာ အဆင်မပြေပါဘူး။ တခြားသူတွေနဲ့ စကားလေးဘာလေးပြော ပေါင်းသင်းဆက်ဆံမှုတစ်ခု တည်ဆောက်ထားဖို့ လိုပါတယ်။ ဘေးနားကသူတွေက နားကြပ်တပ်ရင်း သီချင်းအေးဆေးလေးညည်းနေရင်ကိုပဲ အလုပ်အပေါ်အာရုံစိုက်လို့ မရဘူးဆိုပြီး ရန်ရှာနေတယ်ဆိုရင်လည်း အဆင်မပြေပါဘူး။

ဘယ်နေရာမှာမဆို တူညီတဲ့ Balance ရှိဖို့ လိုပါတယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်က ညီမျှနေအောင် ထိန်းထားနိုင်ရဲ့လားဆိုတာ အမြဲချိန်ဆပေးနေမယ်ဆိုရင်တော့ ရုံးဖွင့်ရက်တိုင်းက ပျော်ဖို့ကောင်းနေမှာ အသေအချာပါပဲ။ ကဲ အခရာပရိသတ်ကြီးတွေလည်း အခုပြောပြပေးထားတဲ့အချက်တွေကို ဘယ်လိုမြင်ကြလဲ။

Reference: Wikipedia

Photos Credit

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle