Work From Home အတွက်ဘယ်လိုနည်းလမ်းလေးတွေကအသုံးဝင်မလဲ

Work From Home အတွက်ဘယ်လိုနည်းလမ်းလေးတွေကအသုံးဝင်မလဲ

တရုတ်နိုင်ငံထဲမှာ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလလောက်မှာ စပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအသစ်တစ်မျိုးကြောင့် ကမ္ဘာတစ်ဝှန်းမှာ စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။အခြား ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ထက်မနည်းကိုလည်း ဒီဗိုင်းရပ်စ်ကူးစက်ရောက်ရှိနေပြီး လက်ရှိအခြေအနေထိတော့ကာကွယ်ဆေးမရှိသေးပါဘူး။ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ကူးစက်ပုံအရတော့ ချောင်းဆိုး၊နှာချေတာကတစ်ဆင့် တုပ်ကွေးဗိုင်းရပ်စ်အပါအဝင် တခြားရောဂါပိုးတွေ လေထဲရောက်ရှိ အသက်ရှုလမ်းကြောင်းကတစ်ဆင့် တိုက်ရိုက်ကူးစက်နိုင်ပါတယ်။

Photo Credit-MoneyTec

ဒါ့အပြင် အရာဝတ္တုတွေမှာ ကပ်နေတဲ့ရောဂါပိုးတွေကိုလက်နဲ့ကိုင်တွယ်ရကနေတစ်ဆင့်ကူးစက်နိုင်ပါတယ်။တစ်ကမ္ဘာလုံးကိုရိုက်ခပ်လာတဲ့  COVID-19  ကြောင့် မြန်မာနိုင်ငံမှာလဲ ကုမ္ဗဏီကြီး တစ်ချို့ဟာသူတို့ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် Work From Home  အစီအစဉ်တွေစတင်နေကြပါတယ်။ဒါပေမယ့် ရုံးအလုပ်ကို အိမ်မှာလုပ်ဖို့ဆိုတာထင်သလောက်တော့မလွယ်ကူပါဘူး။အာရုံစိုက်ဖို့လိုသလို လုပ်ငန်းခွင်မှာနေ့စဉ်လုပ်နေကြအလုပ်တွေကိုလဲ အိမ်ကနေလုပ်ဖို့ Tools ကလည်းအရေးကြီးလာပါတယ်။

Communication အတွက်ဆိုရင်
Department , Team တစ်ခုလုံးပါဝင်စကားပြောလို့ ရတဲ့ Viber Group, Messenger, Whatsapp Group တွေနဲ့ဆက်သွယ်လို့ရပါတယ်။

Photo Credit-Hrasia

File တွေ Share မယ်ဆိုရင်
Team Message တွေကို Private အနေနဲ့ပို့ချင်တယ်ဆိုရင် Slack  App လေးကိုသုံးလို့ရပါတယ်။Scheduling လုပ်မယ်ဆိုရင်လည်း Google Calendar ကိုအသုံးပြုလို့ရပါတယ်။ သူက Private ရော Team အတွက်ပါအသင့်တော်ဆုံးပါ။

ဒီလိုအခြေအနေမျိုးဆိုအသုံးအဝင်ဆုံးနဲ့ အားကိုးရဆုံးကတော့ ကိုယ့်ရဲ့ အီးမေးလ် ကတော့အကောင်းဆုံးဖြစ်နေမှာပါနော်။နောက်ပြဿနာတစ်ခုက Work From Home ဆိုတဲ့အတိုင်း အိမ်မှာအလုပ်လုပ်အဖို့အခက်ဆုံးက အာရုံစူးစိုက်မှုအရမ်းကြီးကောင်းမှာမဟုတ်ပါဘူး။အိမ်ကိစ္စ၊မိသားစုကိစ္စ၊အမှုပေါင်းကသောင်းခြောက်ထောင်ပါပဲ့ တစ်ယောက်တည်းနေတဲ့သူတွေအတွက်ဆိုကိစ္စသိပ့်မဟုတ်ပေမယ့် အလုပ်ကိစ္စတစ်ခုပြီးမြောက်အောင်အာရုံစိုက်ဖို့ကတော်တော်လေးမလွယ်ပါဘူးနော်။ဒီလိုအခက်အခဲလေးတွေနဲ့ကြုံနေရရင်  Timer , Pomodoro App တစ်ခုခုရှိရုံနဲ့အဆင်ပြေလောက်ပါတယ်။လုပ်စရာရှိတဲ့အလုပ်တွေကိုခွဲခြမ်းစိတ်ဖြာပြီးအာရုံစိုက်နိုင်ဖို့ကအကောင်းဆုံးနည်းလမ်းလေးပါ။

Photo Credit- College for adult learning

စီးပွါးရေးတစ်ခုမှာလုပ်ငန်းလုပ်ကိုင်မှုတွေမကျဆင်းသွားအောင်ထိန်းနိုင်ဖို့ကလည်းအရေးကြီးပါတယ်။အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေက  Work From Home အစီအစဉ်လေးကအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

Kelly (Akhayar Lifestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle