ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ပိုင်းဆိုင်ရာကို ကောင်းကျိုးပေးတဲ့ အချက် (၆) ချက်

ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ပိုင်းဆိုင်ရာကို ကောင်းကျိုးပေးတဲ့ အချက် (၆) ချက်

1 လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ချပေးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ နှလုံးခုန်နှုန်းမြန်လာတာဟာ neurohormones လို့ခေါ်တဲ့ ဖိစီးမှုတွေကြောင့်ဖြစ်တဲ့အတွေးတွေကို လျော့ချပေးပြီး Mood ကို တိုးတက်လာစေတဲ့ ဟော်မုန်းတစ်မျိုးကို လှုံဆော်ပေးတာကြောင့်  စိတ်ဖိစီးမှုကို အများကြီးသက်သာစေပါတယ်။

2 အဲဒါအပြင် Endorphins လို့ခေါ်တဲ့ လူတွေရဲ့ စိတ်ကို ခံစားမှုကောင်းစေတဲ့ ခန္တာကိုယ်တွင်းက Chemicals ကို တိုးလာစေတယ်။ သဘာဝအတိုင်း စိတ်ဓာတ်တက်ကြွစေတာမျိုးပေ့ါ။ ဒါ့ကြောင့် စိတ်ဓာတ်ကျနေသူတွေကို ဆရာဝန်တွေက ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးဖို့ ပြောတာဖြစ်ပါတယ်။

3 ပုံမှန် ခန္တာကိုယ်လှုပ်ရှားမှုဟာ အတွေးဆိုးတွေနဲ့ စိတ်ညစ်နေတာတွေ မဖြစ်အောင် ကူညီပေးတယ်။ လေ့ကျင့်ခန်းလုပ်နေတုန်းမှာ အဆိုးတွေ ပြသနာတွေ အကြောင်းမတွေးမိဘူး။ ပြီးတော့ အဲဒါတွေကို ပြန်ရင်ဆိုင် ဖြေရှင်းဖို့ အားအင်ရအောင် လှုံဆော်ပေးတယ်။

4 ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးတက်လာစေတယ်။
ပုံမှန် လေ့ကျင့်ခန်းလုပ်နေတာဖြစ်လို့ အဝလွန်တာတွေ၊ အဆီပိုကြောင့် ဝိတ်တတ်လို့ စိတ်ညစ်ရတာတွေ မဖြစ်တော့ဘူး။ ကြွက်သားတွေက ပိုကျစ်လစ်လာပြီး ခန္တာကိုယ်က Fit ဖြစ်နေတယ်။ ကျန်းမာကြံ့ခိုင်တဲ့ ခန္တာကိုယ်ပိုင်ဆိုင်ထားတာကြောင့်စိတ်သွားတိုင်းကိုယ်ပါတယ်။

5  ကိုယ်ခံအားပိုကောင်းလာတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ် တက်ကြွတယ်။ အားအင်အပြည့်ရှိနေတယ်။ ဘယ်လိုပြသနာပဲ ကြုံကြုံခွန်အားအပြည့်နဲ့ ရင်ဆိုင်နိုင်တာမို့ စိတ်ဖိစီးမှုတွေကို အများကြီးသက်သာစေတယ်။

6 လူတစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့ ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရစေတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္တာကိုယ်က ပိုလှုပ်ရှားရလို့ ညဘက်မှာ ပင်ပန်းတဲ့ဒဏ်နဲ့ ကောင်းကောင်းအိပ်ပျော်သွားတာမျိုးခံစားရမှာပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ခန္တာကိုယ်ရဲ့ ဖြစ်စဉ်တွေကို စည်းချက်မှန်မှန်၊ အချိန်မှန်မှန်ဖြစ်အောင် လှုံဆော်ပေးတယ်။