မှားယွင်းစွာ Bra ၀တ်ရင်ဘယ်လိုဆိုးကျိုးတွေရနိုင်လဲ

မှားယွင်းစွာ Bra ၀တ်ရင်ဘယ်လိုဆိုးကျိုးတွေရနိုင်လဲ

မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုရင်သားလို့လည်းပြောလို့ရသလို၊ ကိုယ်ရဲ့ရင်သားကိုအကာအကွယ်ပြုပေးတဲ့ Braကလည်းအရေးကြီးပါတယ်နော်။ကိုယ်ရဲ့ခန္ဓာကိုယ် Size နဲ့ကိုယ်ရဲ့ရင်သားSize ကလည်းဘယ်လောက်ရှိလဲဆိုတာကိုမိန်းကလေးတစ်ယောက်အနေနဲ့မှန်မှန်ကန်ကန်သိထားဖို့လိုအပ်ပါတယ်နော်။မှားယွင်းစွာ Bra ဝတ်ခြင်းကလည်းကိုယ့်ရဲ့ကျန်းမာရေးအပြင်ရင်သားအတွက်ပါအန္တရာယ်ရှိလာနိုင်ပါတယ်။


အကျိတ်တွေထွက်လာခြင်း
ရင်သားမှာအကျိတ်တက်တာက ရင်သာကင်ဆာနဲ့မတူပါဘူးနော်။ရင်သားမှာအလုံးလေးတွေစပြီးထွက်လာရင်ဂရုစိုက်သင့်ပါတယ်။ရင်သားမှာအလုံးလေးတွေထွက်လာစေတဲ့အကြောင်းအရင်းကလည်း ကင်ဆာကိုဖြစ်စေတဲ့ဆဲလ်တွေမဟုတ်ပါဘူးနော်။ရင်သားနားတစ်ဝိုက်အကျိတ်တွေတက်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးခွဲထုပ်လိုက်တာကအကောင်းဆုံးပါနော်။


ကျောရိုးတွေအောင့်လာခြင်
တစ်ချို့ကောင်မလေးတွေက ကိုယ်ရဲ့ရင်သားကိုပုံမှန်ဖွံဖြိုးနှုန်းထက်ပိုပြီးသေးအောင် Bra တွေဝတ်ရင်ကိုယ်ရင်သားထက်တစ်ဆုဒ်သေးနေတာ၊ဒါမှမဟုတ် Bra Cup Size တွေကိုသေးပြီးလည်းဝတ်ဆင်တတ်ကြပါတယ်။ဒီလိုမျိုးဝတ်ခြင်းကကြာလာရင်တော့ ကျောရိုးအောင့်တာတွေ၊နာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။


ရင်သားတွေနာကျင်တာ
ဒီလက္ခဏာက အချိန်ကြာလာမှဖြစ်တတ်တဲ့ရောဂါမျိုးဖြစ်တတ်ပြီး၊ အထူးသတိထားသင့်ပါတယ်။ရင်သားနဲ့ပတ်သက်တဲ့ရောဂါကြီးတွေက အခုလိုမျိုးရင်သာနာကျင်တာတွေဓမ္မာတာကြောင့်မဟုတ်ပဲ၊ ထိလိုက်ရင်တောင်အမြဲနာနေပြီဆိုရင်တော့ကိုယ်ရဲ့ရင်သားနဲ့ဆိုင်ရာကျန်းမာရေးကိုအထူးဂရုစိုက်သင့်နေပါပြီ။

Kelly -Akhayar Lifestyle

Photo Credit -Brightside