Xbox One X နဲ့ Xbox One S Digital Edition Console ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းသွားဖို့ရှိတဲ့ Microsoft

Xbox One X နဲ့ Xbox One S Digital Edition Console ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းသွားဖို့ရှိတဲ့ Microsoft

Microsoft ဟာ Xbox One X နဲ့ Xbox One S Digital Edition Console တွေထုတ်လုပ်မှုကို ရပ်ဆိုင်းသွားတော့မယ်လို့ တရားဝင်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ Xbox Series X ကိုဆက်လက်အာရုံစိုက်သွားဖို့အတွက် အခုလိုမျိုး ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

Xbox One X နဲ့ Xbox One S ပြတ်လပ်မှုတွေကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ကြုံတွေ့ခဲ့ရပါတယ်။ Pandemic အရလည်း ဝယ်လိုအားတွေမြင့်မားနေတာကြောင့် အခုလိုမျိုး Stock ပြတ်လပ်မှုတွေ ကြုံတွေ့နေရတာပါ။ ယခုကိစ္စနဲ့ပတ်သက်လို့လည်း Microsoft အနေနဲ့ နောက်လပိုင်းလောက်အထိတော့ Stock တွေရှိနေဦးမှာမို့ သက်ဆိုင်ရာ Retailer တွေဆီကို ဆက်သွယ်ကြဖို့လည်း ပြောကြားထားပါတယ်။

Xbox Series X

Microsoft အနေနဲ့ Xbox Series X ကို “Holiday 2020” မှာ စတင်မိတ်ဆက်မယ်လို့ပြောထားတဲ့အတွက် အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း မိတ်ဆက်မယ်လို့အကြမ်းဖျဥ်းအရ သိရှိထားပါတယ်။ Xbox Series X ရဲ့ ဒီဇိုင်းပုံစံကိုလည်းတွေ့မြင်ခဲ့ရပြီးနောက် လက်ရှိ Xbox One X နဲ့ Xbox One S Digital Edition တို့ရဲ့ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တာကြောင့် မကြာခင်မှာ မိတ်ဆက်တော့မှာလားဆိုပြီးတော့ မေးခွန်းထုတ်စရာတွေလည်းရှိနေပါတယ်။

Ref: The Verge, Destructoid

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ