ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ Alliance ကိုယ်စားပြု ယှဉ်ပြိုင်သွားမယ့် OG.Seed ကစားသမား Xibbe

ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ Alliance ကိုယ်စားပြု ယှဉ်ပြိုင်သွားမယ့် OG.Seed ကစားသမား Xibbe

မတ်လ (၃၁) ရက်နေ့မှာ Allaince Dota2 အသင်း အနေနဲ့ အသင်းရဲ့ Offlane ကစားသမား 33 နဲ့ Support ကစားသမား Fata တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက လစ်လပ်သွားတဲ့ Offlane နေရာ အတွက် The International 2013 ပြိုင်ပွဲမှာ Alliance Dota2 အသင်းနဲ့အတူ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ S4 ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ယခုအခါမှာတော့ Pos5 (Support) နေရာ အတွက် OG.Seed Dota2 အသင်းရဲ့ Offlane ကစားသမား Andreas Per “Xibbe” Ragnemalm ကို အငှားကစားသမား အဖြစ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Xibbe အနေနဲ့ Alliance Dota2 အသင်းကို အငှားကစားသမား အဖြစ်သာ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ESL One LA အွန်လိုင်း ပြိုင်ပွဲမှာသာ Alliance ကိုယ်စားပြု ကစားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Xibbe အနေနဲ့ OG.Seed မှာ Offlane ကစားသမား အဖြစ် ဝင်ရောက် ကစားလျက် ရှိပေမယ့်လည်း ယခင်အချိန်တွေတုန်းက Support Position မှာလည်း ကစားခဲ့ဖူးတာကြောင့် Alliance Dota2 အနေနဲ့ အခုလို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

OG Seed အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲနဲ့ တစ်ချိန်တည်း ကျင်းပလျက်ရှိတဲ့ StayHome Challenge ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပေမယ့် Xibbe ကို Alliance Dota2 အသင်းမှာ အငှားချခဲ့တာကြောင့် ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ Stand-In ကစားသမားနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OG.Seed အနေနဲ့ လစ်လပ်သွားတဲ့ Xibbe နေရာ အတွက် ဘယ်ကစားသမားကို ခေါ်ယူသွားမယ် ဆိုတာကို ကြေညာသွားခြင်း မရှိသေးတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ Fata ကိုပဲ ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Alliance Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nikolay “Nikobaby” Nikolov – Pos 1
  • Linus “Limmp? Blomdin – Pos 2
  • Gustav “s4” Magnusson – Pos 3
  • Simon “Handsken” Haag – Pos 4
  • Andreas Per “Xibbe” Ragnemal – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle