ပရိုဖက်ရှင်နယ် CSGO အသင်းတွေနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်သွားမယ့် အမျိုးသမီး သီးသန့် CSGO အသင်း XSET

မြောက်အမေရိက အခြေစိုက် Esports အဖွဲ့အစည်း XSET ကတော့ အမျိုးသမီး သီးသန့် CSGO အသင်းနဲ့အတူ CSGO လောက အထဲကို စတင် ဝင်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။ XSET CSGO အသင်းမှာ ပါဝင်မယ့် ကစားသမားတွေဟာ အမျိုးသမီး CSGO အသင်း Originem မှ နာမည်ကျော် ကစားသမာားတွေ ဖြစ်ကြသလို Ambush Invitational, DreamHack Showdown Summer, Galaxy Racer Invitational စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ကစားသမားတွေလည်း ဖြစ်ကြပါတယ်။

XSET CSGO အသင်းကို NA အခြေစိုက် CSGO အသင်း အဖြစ် မြင်တွေ့သွားရမှာဖြစ်ပြီး S-Tier, A-Tier အဆင့်ရှိ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ XSET CSGO အဖွဲ့သားတွေဟာ Originem အသင်းမှာ ရှိနေစဉ် ကာလတုန်းကလည်း အမျိုးသား ပရိုဖက်ရှယ် CSGO အသင်းတွေ ပါဝင်တဲ့ DreamHack Open Rotterdam 2019 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အဆိုပါ ပြိုင်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး အောက်ဆုံး အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ XSET CSGO အသင်း အနေနဲ့ ပွဲဦးထွက် ပြိုင်ပွဲအဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမယ့် DreamHack Open December ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး အဆိုပါ ပြိုင်ပွဲမှာ NA အခြေစိုက် A-Tier, B-Tier အဆင့်ရှိ အမျိုးသား CSGO အသင်းတွေကို အနိုင်ယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
XSET enters the CSGO competitive scene with an all-female championship winning squad!🏆
— XSET (@XSETGAMING) November 20, 2020
❌ @juliakiran
❌ @mimimimichaela
❌ @zAAzCSGO
❌ @kr4sy
❌ @PetraCSGO
Watch the girls make their debut at the #DreamHack Dec. Open! ⚔️ #RepTheSet | JOIN US: https://t.co/O36uQ0dnyR pic.twitter.com/CnRjWWYsTe
XSET CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Zainab “zAAz” Turkie
- Julia “juliano” Kiran
- Michaela “mimi” Lintrup
- Petra “Petra” Stoker
- Anastasia “kr4sylya” Khlobystina
REF:VpEsports