Xyp9x ကို Astralis CSGO အသင်းနဲ့အတူ မကြာခင်အချိန်အတွင်း ပြန်လည် မြင်တွေ့သွားရဖွယ်ရှိ

Xyp9x ကို Astralis CSGO အသင်းနဲ့အတူ မကြာခင်အချိန်အတွင်း ပြန်လည် မြင်တွေ့သွားရဖွယ်ရှိ

Astralis CSGO အသင်းရဲ့ စီနီယာ ကစားသမား တစ်ဦးဖြစ်သူ Andreas “Xyp9x” Hojsleth အနေနဲ့ ကျန်းမာရေး ပြဿနာများကြောင့် အသင်းကနေ အနားယူနေခဲ့တာ လေးလကျော် ကာလကို ရောက်ရှိလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ Xyp9x ကို မကြာခင် အချိန်အတွင်း Astralis CSGO အသင်းနဲ့အတူ ပြန်လည် မြင်တွေ့သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။

Xyp9x

ESL Pro League Season 12 မှာ ပူပူနွေးနွေး ချန်ပီယံဆုကို ရရှိထားတဲ့ Astralis CSGO အသင်းနဲ့အတူ Xyp9x အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေမယ့်လည်း အသင်းဖော်တွေဖြစ်တဲ့ gla1ve, Magisk, es3tag, dupreeh တို့နဲ့အတူ ESEA Server မှာ လေ့ကျင့်မှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်လျက် ရှိတာကြောင့် အခုလို Xyp9x ကို Astralis CSGO အသင်းမှာ ပြန်လည် မြင်တွေ့ရဖို့ နီးဆပ်လာပြီလို့ သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Xyp9x

ဒါပေမယ့်လည်း အဆိုပါ လေ့ကျင့်မှုတွေမှာ အသင်းရဲ့ နာမည်ကျော် AWP ကစားသမား တစ်ဦးဖြစ်တဲ့ Nicolai “dev1ce” Reedtz ကို မြင်တွေ့ခဲ့ရခြင်း မရှိတာကြောင့် Xyp9x ပြန်လည် ဝင်ရောက်လာတဲ့ အခါမှာ ကစားဟန် အသစ် တစ်ခုကို ဖန်တီးနိုင်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက်လျက် ရှိပါတယ်။

Astralis CSGO

ဒါကြောင့် ESL Pro League Season 12 မှာ ဝင်ရောက် ကစားခဲ့ခြင်း မရှိတဲ့ Xyp9x ကို မကြာခင် ကျင်းပသွားမယ့် DreamHack Open Fall 2020 မှာ Astralis CSGO အသင်းနဲ့ အတူ ပြန်လည် မြင်တွေ့သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle