DPC 2021: Season 1 SEA Lower Division ကို တက်လှမ်းနိုင်ခဲ့တဲ့ Yangon Galacticos

DPC 2021: Season 1 SEA Lower Division ကို တက်လှမ်းနိုင်ခဲ့တဲ့ Yangon Galacticos

နောက်ဆုံးပိတ် Open Qualifier မှ တစ်ဆင့် DPC 2021: Season 1 SEA Close Qualifier Stage 2 ကို တက်လှမ်းနိုင်ခဲ့တဲ့ Yangon Galacticos ကတော့ နောက်ဆုံးမှာတော့ Valve အသိအမှတ်ပြု ပြိုင်ပွဲဖြစ်တဲ့ DPC 2021: Season 1 SEA Lower Division မှာ ဝင်ရောက် ကစားခွင့်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Yangon Galacticos' Facebook Page

မြန်မာနိုင်ငံ ကိုယ်စားပြု Dota2 အသင်း Yangon Galacticos အနေနဲ့ Close Qualifier Stage 2 မှာ Omega Esports, Assault, ZeroTwo, Army Geniuses, Team SMG စတဲ့ အသင်းတွေနဲ့ အုပ်စုဘီမှာ ယှဉ်ပြိုင်ခဲ့ရပြီး အုပ်စု အဆင့် (၃) နေရာဖြင့် Lower Division ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

YG Dota2 အသင်း အနေနဲ့ အုပ်စု အဖွင့်ပွဲစဉ် အဖြစ် Mushi, Ninjaboogie, vtFaded, Ah Fu တို့ ပါဝင်တဲ့ Team SMG ကို ၂ ပွဲပြတ်၊ Army Geniuses ကို ၂ ပွဲပြတ်စတဲ့ ရလဒ်တွေဖြင့် အနိုင်ယူနိုင်ခဲ့သလို InYourDreaM ဦးဆောင်တဲ့ Zero Two ကို သရေ၊ Bok, CML တို့ ပါဝင်တဲ့ Omega Esports ကို သရေကျခဲ့ပေမယ့် ယခင် Arrow Gaming, Fnatic, Minseki တို့ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Johnny ဦးဆောင်တဲ့ Team Assault ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် အဆင့် (၃) နေရာဖြင့်သာ Lower Division ကို တက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Yangon Galacticos' Facebook Page

DPC 2021: Season 1 SEA Lower Division မှာ YG အပါအဝင် Closed Qualifier Stage 2 ကနေ တက်လှမ်းလာခဲ့တဲ့ စုစုပေါင်း အသင်း (၈) သင်း အုပ်စု ပတ်လည် ပုံစံဖြင့် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အုပ်စု ပထမနေရာနဲ့ ဒုတိယနေရာကို ရရှိခဲ့တဲ့ အသင်း (၂) သင်း အနေနဲ့ DPC 2021: Season 2 မှာ Upper Division ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် YG Dota2 အသင်း အနေနဲ့ Lower Division Season 1 မှာ ရလဒ်ကောင်းတွေကို ဖော်ဆောင်ပြီး Season 2 မှာ SEA အခြေစိုက် နာမည်ကျော် Dota2 အသင်းတွေ ပါဝင်တဲ့ Upper Division ကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: Liquipedia

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle