Team Secret မှာ ဆက်လက် ကစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ YapzOr

Team Secret မှာ ဆက်လက် ကစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ YapzOr

Team Secret Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသလို နောက်ဆုံး (၆) ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ ရလဒ်ကောင်းကိုလည်း ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Team Secret နဲ့ Allaince တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ Secret Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ YapzOr အနေနဲ့ Team Secret မှာ ဆက်လက် ကစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အဓိကအချက်ကတော့ Puppey နဲ့အတူ ရှိနေခဲ့မယ်ဆိုရင် Dota2 အသင်းတိုင်း၊ ကစားသမားတိုင်း စိုးရိမ် ပူပန်လေ့ရှိကြတဲ့ ကပ္ပတိန်ကောင်း လက်အောက်မှာ ကစားခွင့် မရရှိမယ့် အခက်အခဲကို ရင်ဆိုင်လိုခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။

Puppey လို ကပ္ပတိန် တစ်ယောက် လက်အောက်မှာ ကစားရတာ တကယ်ကို လုံခြုံမှုရှိတယ်လို့ ခံစားရသလို အခက်အခဲ အများစုကိုလည်း အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မိတာကြောင့် အခုလို Team Secret မှာ ဆက်လက် ကစားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Puppey

လက်ရှိ Dota2 Meta နဲ့ ပတ်သတ်ပြီး အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် အပြည့်အဝ နားလည်ခြင်း မရှိသေးပါဘူး။ ကျွန်တော် Public Match တွေလည်း သိပ်ကစားဖြစ်ခြင်း မရှိပေမယ့် ပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းဖော်တွေက အမြဲတမ်း ကျွန်တော့်ကို ဘယ်လိုပုံစံမျိုး ကစားရင် အဆင်ပြေမယ် ဆိုတာကို လမ်းညွှန် ပြသပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် Yapzor အနေနဲ့ အဆိုပါ အင်တာဗျူးမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း Dota2 Public Match တွေ သိပ်ပြီး မကစားဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ Civilization ကစားရတာကို တကယ်ကို စွဲလမ်းနေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Team Secret အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲရဲ့ အုပ်စုဘီမှာ (၆) ပွဲကစား (၆) ပွဲနိုင် ရလဒ်ဖြင့် ထပ်ဆုံးနေရာမှာ ရပ်တည်လျက် ရှိသလို Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ရှုံးထွက် အဆင့်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle