ပရို CS:GO နည်းပြဘဝကို ခေတ္တစွန့်ခွာသွားမယ့် YNk

Faze Clan CSGO ပရိသတ်တွေ အတွက် ဒီရက်ပိုင်းက တကယ်ကို စိတ်မကောင်းစရာပါပဲ။ NiKo တစ်ယောက် G2 Esports ကို ပြောင်းရွေ့သွားပြီဖြစ်ကြောင်း ကြေညာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Faze CSGO အသင်းရဲ့ နည်းပြချုပ်သူ Janko “YNk” Paunovic အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။
Today we also part ways with our CS:GO coach, @YNk.
— #FaZeUp (@FaZeUpdate) October 28, 2020
Thank you Janko, for the leadership, the guidance, and the trophies during your time coaching @FaZeClan. We wish you nothing but the best in the future! #FaZeUp pic.twitter.com/ttBJeKoBqu
YNk အနေနဲ့ FaZe CSGO အသင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ရောက်ရှိခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲခန့် အကြာမှာ အသင်းကနေ ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ YNk အနေနဲ့ FaZe CSGO အသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်းမှာ BLALST Pro Series Miami, BLAST Pro Series Copenhagen, ELEAGUE Invitational စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းကနေ ပြန်လည် ထွက်ခွာဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလို ရှင်းပြသွားခဲ့ပါတယ်။
Stepping down from FaZe
— Janko Paunovic (@YNk) October 28, 2020
Read: https://t.co/k2fsLAXvMh
“ကျွန်တော်တို့ အသင်းအတွင်းမှာ ပြဿနာလေးတွေ ရှိနေခဲ့တာ အချိန် တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အဆိုပါ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ အခုဆိုရင် NiKo လည်း G2 Esports ကို ရောက်ရှိသွားပြီဆိုတော့ အသင်းနဲ့ ကိုက်ညီမယ့်၊ အသင်းကို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် In Game Leader နဲ့ နည်းပြတို့ကို ရှာဖွေစေလိုတာကြောင့် အသင်းကနေ အခုလို နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော် အခုလို နည်းပြအဖြစ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် CSGO အပေါ် ချစ်မြတ်နိုးစိတ်ကတော့ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ အနားယူသွားဖို့ ဆုံးဖြတ်ထားပြီး ၂၀၂၁ မှာ စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကို ပြန်လည် စတင်သွားဖို့ စိတ်ကူးထားပါတယ်။”

FaZe Clan အနေနဲ့ In-Game Leader ဖြစ်သူ NiKo နေရာ အတွက် အသင်းကနေ ခေတ္တ အနားယူလျက်ရှိတဲ့ Olofmeister ကို အစားထိုး ကစားသမား အဖြစ် ပြန်လည် အသုံးပြုသွားမယ်လို့ သိရပြီး YNk နေရာမှာ အစားထိုးသွားမယ့် ပုဂ္ဂိုလ်ကိုတော့ လက်ရှိအချိန်ထိ ကြေညာခြင်း မရှိသေးတာကြောင့် FaZe Clan ကို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် နည်းပြ အဖြစ် ဘယ်သူ့ကို ခန့်အပ်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: DotEsports, VpEsports