TOURNAMENT Feature ကို အသုံးပြုပြီး Facebook ပေါ်မှာတင် ပြိုင်ပွဲများကို အလွယ်တကူ စီမံကျင်းပနိုင်တော့မည်

TOURNAMENT Feature ကို အသုံးပြုပြီး Facebook ပေါ်မှာတင် ပြိုင်ပွဲများကို အလွယ်တကူ စီမံကျင်းပနိုင်တော့မည်

အရင်အချိန်တွေတုန်းက Online ပြိုင်ပွဲ တစ်ခု ပြုလုပ်ဖို့ အတွက် စီစဉ်သူတွေ အနေနဲ့ Challonge, SwissSytem, Smash.gg, BinaryBeast, Score7 စတဲ့ Website တွေကို မိမိတို့ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်သူ စာရင်းပေးနိုင်ဖို့ အတွက်၊ Bracket များ ချမှတ်နိုင်ဖို့ အတွက် အသုံးပြုခဲ့ကြပါတယ်။

အဆိုပါ Website တွေ၊ App တွေကို စတင် အသုံးပြုရာမှာ အနည်းနဲ့အများဆိုသလို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ စာရင်းပေးသွင်းသူတွေ အနေနဲ့လည်း နည်းပညာနဲ့ ရင်းနှီးချင်းမရှိဘူးဆိုရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအခါမှာတော့ အဆိုပါ ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်မယ့် Feature တစ်ခုဖြစ်တဲ့ Tournament Feature ကို Facebook အနေနဲ့ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Tournament Feature ဆိုတာကတော့ မိမိကျင်းပချင်တဲ့ ပြိုင်ပွဲတစ်ခုကို စိတ်တိုင်းကျ ပုံစံဖြင့် ဖန်တီးနိုင်မယ့် Feature တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Tournament Feature ကို အသုံးပြုပြီး Single Elimination, Double Elimination, Round-Robin စတဲ့ Format သုံးမျိုးဖြင့်သာ ယှဉ်ပြိုင်နိုင်အုံးမှာ ဖြစ်ပေမယ့် မကြာခင် အချိန်အတွင်းမှာ အခြားသော Format တွေကိုလည်း Facebook Developer တွေဘက်က ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Tournament Feature ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ် ဆိုရင်လည်း Facebook အကောင့်ရှိရုံနဲ့ အလွယ်တကူ Register လုပ်နိုင်မှာ ဖြစ်ပါတယ်။

Facebook အနေနဲ့ Tournament Feature ကို မိတ်ဆက်ပေးခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် လူအများ အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ ပြိုင်ပွဲများကို အလွယ်တကူ ကျင်းပနိုင်ဖို့ အတွက်ဖြစ်ပြီး အွန်လိုင်း ပရဟိတပြိုင်ပွဲတွေ အလွယ်တကူ ကျင်းပနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

သင့်အနေနဲ့ Tournament Feature ကို အသုံးပြုပြီး စိတ်တိုင်းကျ ပြိုင်ပွဲတစ်ခုကို ဖန်တီးချင်တယ် ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပထမဆုံး အဆင့်အနေနဲ့ Facebook အကောင့်ကို Log-In ဝင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Log-In ဝင်ပြီးတဲ့ အခါမှာ Gaming Video Section ကို သွားရောက်ပြီး Tournaments ဆိုတဲ့ Tab လေးကို နှိပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ Create Tournament ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ပြိုင်ပွဲနာမည်ပေးခြင်း၊ စတင် ကျင်းပမယ့်ရက်၊ ပြိုင်ပွဲ ပြီးဆုံးမယ့်ရက် သတ်မှတ်ပေးခြင်း၊ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ပြိုင်ပွဲ Format ရွေးချယ်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို စိတ်ကြိုက် သတ်မှတ်ပြီး Create Tournament Event ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်တာနဲ့ ကိုယ်တိုင်ကိုယ်ကျ ပြိုင်ပွဲတစ်ခုကို ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle