PS3, PS2 နဲ့ PS1 ဂိမ်းတွေကို PS5 မှာဆော့ကစားနိုင်မှာမဟုတ်ဘူးလို့ Ubisoft မှပြောကြား

PS3, PS2 နဲ့ PS1 ဂိမ်းတွေကို PS5 မှာဆော့ကစားနိုင်မှာမဟုတ်ဘူးလို့ Ubisoft မှပြောကြား

Sony ကတော့ PS5 မှာ Backward Compatibility (အရင် Game System ကဂိမ်းတွေကိုဆော့ကစားနိုင်မယ့်စနစ်) အကြောင်းကို ဘာမှဖွင့်ဟပြောကြားထားခြင်းမရှိပေမယ့် Ubisoft ကတော့ ဖွင့်ဟပြောကြားမိသွားပါတယ်။ ဒီလို မတော်တဆဖွင့်ဟမိသွားရာကနေ သိရှိလိုက်ရတာက PS5 Console မှာ PS3, PS2 နဲ့ PS1 က ဂိမ်းတွေကို ဆော့ကစားနိင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

ဒီအကြောင်းတွေကို မပြောခင်မှာ Dualshock 4 ဟာ PS5 ဂိမ်းစက်မှာ PS4 ဂိမ်းတွေအတွက်ပဲ ဆော့ကစားနိုင်မယ်ဆိုတဲ့အချက်ကို အဆင်မပြေဘူးလို့ ဝေဖန်ခံထားရတာတွေရှိနေပါတယ်။ အခုတော့ PlayStation ပရိသတ်တွေကို ဒီထက်ပိုဆိုးတဲ့ Backward Compatibility က PS4 ဂိမ်းအချို့ကိုပဲ Support ပေးမယ်ဆိုတဲ့သတင်းနဲ့ ထပ်ပြီးစိတ်ပျက်စေမိသလို ဖြစ်နေပြန်ပါပြီ။

Ubisoft Support ရဲ့ သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ “Backward Compatibility ဟာ ထောက်ပံ့ပေးထားတဲ့ PS4 ဂိမ်းအချို့အတွက်ပဲ ဆော့ကစားနိုင်မှာဖြစ်ပြီး၊ PS3, PS2 နဲ့ PS1 ဂိမ်းတွေအတွက်ကတော့ ဆော့ကစားလို့ရမှာမဟုတ်ပါဘူး” လို့သိရှိရပါတယ်။ ဒီစာကြောင်းကို သိပ်မကြာခင်မှာပဲ Ubisoft က ပြန်ဖျက်သွားခဲ့တာကြောင့် PlayStation က Ubisoft ကိုလှမ်းပြီး နှုတ်ပိတ်လိုက်တာလားလို့ မေးစရာ မေးခွန်းတွေရှိနေပါတယ်။

အစောပိုင်းကတည်းက Dualshock 4 ဟာ PS5 ဂိမ်းတွေဆော့ကစားနိုင်မှာမဟုတ်တဲ့ သတင်းတွေထွက်ထားတာကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ချေတော့အရမ်းများနေပါတယ်။ တကယ်သာ ဒီလိုဆိုရင်တော့ အရင် Console တွေအတွက် ဂိမ်းတွေကို Digital Version ပဲဖြစ်ဖြစ်၊ Physical Disc ပဲဖြစ်ဖြစ် ဝယ်ယူထားပြီး PS5 မှာ ဆော့ကစားလိုတဲ့သူတွေအတွက်ကတော့ စိတ်ပျက်စရာသတင်းတစ်ခုဖြစ်သွားမှာပါ။

Ref: Gamespot