PS4 မှာဝယ်ယူထားတဲ့သူတွေ PS5 မှာထပ်ဝယ်စရာမလိုဘဲ ဆော့ကစားနိုင်မယ့် Dead By Daylight

PS4 မှာဝယ်ယူထားတဲ့သူတွေ PS5 မှာထပ်ဝယ်စရာမလိုဘဲ ဆော့ကစားနိုင်မယ့် Dead By Daylight

နာမည်ကြီး Asymmetric Survival Horror ဂိမ်းဖြစ်တဲ့ Dead By Daylight ကတော့ Next-Gen Console တွေမှာ ထုတ်လုပ်ပေးဖို့အတွက် စတင်ပြင်ဆင်နေပါပြီ။ ဒါတင်မကသေးဘဲ The Realm Beyond Project နဲ့အတူ ဂိမ်းကိုလည်း ငါးနှစ်မြောက် နှစ်ပတ်လည် (ဇွန်လ ၂၀၂၁) မတိုင်ခင်မှာ အများကြီးတိုးတက်ပြောင်းလဲသွားအောင် စ တင်ပြုလုပ်နေပြီလို့လည်း သိရှိရပါတယ်။

Product Manager တစ်ယောက်ဖြစ်တဲ့ Joris Four ကလည်း Next-Gen Consoles တွေအတွက် ဘယ်လိုပြင်ဆင်နေတယ်ဆိုတာကို အခုလိုပြောကြားသွားပါတယ်။

“ကျွန်တော်တို့က PC, Xbox One, PS4, Nintendo Switch နဲ့ Stadia အတွက် Visuals, Graphics, Lightning နဲ့ Animations တွေကို တိုးတက်သွားဖို့အတွက် Update တွေအများကြီးဆက်လက်ထုတ်လုပ်ပေးသွားမှာဖြစ်ပြီးတော့ Next-gen Consoles တွေမှာလည်း Dead By Daylight အတွေ့အကြုံတွေ အကောင်းဆုံးရရှိသွားအောင် ပြုလုပ်ပေးသွားမှာပါ”

လို့သိရှိရပါတယ်။

လက်ရှိအစီအစဥ်ကတော့ Maps တွေမှာ ပတ်ဝန်းကျင်အတွက် Elements တွေ ပိုမိုထည့်သွင်းသွားဖို့ရှိပြီး၊ Springwood နဲ့ Yamaoka Estate ကနေ စတင်ပြီးပြင်ဆင်သွားဖို့ရှိပါတယ်။ အခန်းတစ်ခန်းစီတိုင်း ပိုထင်ရှားလာပြီး၊ အခန်းတိုင်းမှာ သူ့ရည်ရွယ်ချက်နဲ့သူရှိလာမှာပါလို့လည်း သိရှိထားရပါတယ်။ လက်ရှိအချိန်မှာလည်း Dead By Daylight ဟာ Characters တွေနဲ့ Maps တွေကိုအမြဲပြုပြင်နေပြီးတော့ ဒီအတွက် Preview ကိုတော့ အောက်မှာပြထားတဲ့ Video ကနေကြည့်ရှုနိုင်ပါတယ်။

Next-Gen Console တွေအတွက်လည်းပြင်ဆင်နေပြီး PS4 မှာဆော့ထားသမျှအရာအားလုံးဟာ PS5 ကိုဆက်လက်သယ်သွားနိုင်တာသလို၊ ထပ်ပြီးလည်းဝယ်ယူနေစရာမလိုတော့တာကြောင့် Dead By Daylight ဟာ Next-Gen Console မှာလည်း Multiplayer Horror ဂိမ်းကောင်းတစ်ခုအနေနဲ့ ဆက်လက်မြင်ရဖို့ရှိနေပါတယ်။