ဝတ်ဆင်တဲ့နာရီဒီဇိုင်းကြည့်ပြီး စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေ ခန့်မှန်းကြည့်ရအောင်

ဝတ်ဆင်တဲ့နာရီဒီဇိုင်းကြည့်ပြီး စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေ ခန့်မှန်းကြည့်ရအောင်

အမျိုးသားတွေရဲ့ ဖက်ရှင်မှာ မရှိမဖြစ်အရေးပါတဲ့ အရာကိုပြပါဆိုရင် နာရီတွေကို လုံးဝချန်ထားခဲ့လို့ မရပါဘူး။ အမျိုးသားတွေအတွက် နာရီဟာ အချိန်ကို ကြည့်လို့ရတဲ့အပြင် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုလည်းဖြစ်ပြီး ဝတ်ဆင်သူရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်တွေကို ဖော်ဆောင်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နာရီဝတ်ဆင်တဲ့သူတိုင်းက ကိုယ်မြင်စေချင်တဲ့အတိုင်း မြင်စေဖို့အတွက် သေချာလေး ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်။

အဲဒီလို ရွေးချယ်တဲ့အခါမှာ ရွေးချယ်တဲ့သူတိုင်းဟာ သူတို့ရဲ့စိတ်ထဲက ကြိုက်နှ်စ်သက်တဲ့ အရာတွေကိုပဲ အခြေခံပြီး စဉ်းစားရွေးချယ်ကြတာဖြစ်လို့ သူတို့ ရွေးချယ်ဝတ်ဆင်တဲ့နာရီတွေကိုကြည့်ပြီး သူတို့ရဲ့အတွင်းစိတ်တွေကို အနည်းအကျဉ်း ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့်မို့ ဘယ်လိုနာရီဒီဇိုင်းတွေကို ရွေးချယ်တဲ့သူတွေဟာ ဘယ်လိုစိတ်နေစိတ်ထားရှိလဲ ၊ ဘယ်လို ပင်ကိုယ်စရိုက်ရှိလဲဆိုတာ သိစေနိုင်ဖို့ အောက်မှာကြည့်ကြည့်လိုက်ကြရအောင်။

Military Watch
ယောကျာ်းပီသတဲ့ အမျိုးသားအများစုဟာ Military Watch တွေကိုပဲ ရွေးချယ်ပြီး ပတ်တတ်ကြပါတယ်။ ဒီအချက်ဟာ ရိုးရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြမ်းခံတဲ့ နာရီကို ရွေးချယ်ဝတ်တဲ့သူတွေဟာ အကြမ်းခံတဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေလို့ လူတွေဟာ ယူဆတတ်ကြသလိုပါပဲ။ ဒီလိုနာရီမျိုး ဝတ်တဲ့သူတွေဟာ ကာယလုပ်သားတွေ ဖြစ်နေစရာမလိုဘဲ Accounting အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့သူတွေ၊ စာသင်ကြားတဲ့သူတွေ၊ ကြော်ငြာလုပ်ငန်းလုပ်တဲ့သူတွေနဲ့ ဘဏ်ဝန်ထမ်းတွေလည်း ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။


သေချာပေါက် Military Watch တွေကို ရွေးချယ်ပတ်တဲ့သူတွေဟာ Hand Moisturizer တွေကို သယ်ဆောင်လေ့ရှိတဲ့သူမျိုးတွေ မဟုတ်ကြပါဘူး။ ဒါ့အပြင် သူတို့ဟာ ရေပိုက်ပြင်တာမျိုးတွေနဲ့ လျှပ်စစ်နဲ့ပက်သက်တာတွေ ပျက်တာကို ပြင်ဖို့အတွက်လည်း လူမခေါ်ကြဘဲ ကိုယ့်ကိုယ်တိုင် ပြင်တတ်ကြပါတယ်။ ဒါအပြင် သူတို့ဟာ ပြင်ပလှုပ်ရှားမှုတွေ လုပ်ကြရတဲ့အခါမျိူးမှာလည်း ချန်ပီယံတွေ ဖြစ်ကြပါတယ်။

စရိုက်တွေအနေနဲ့ဆို Military Watch တွေကို ပတ်တဲ့သူတွေက ဉာဏ်ကောင်းတတ်ကြပြီး ယုံကြည်စိတ်ချရကာ စစ်မှန်တဲ့သူတွေ ဖြစ်ကြပါတယ်။ ယောကျာ်းလေးတော့ ယောကျာ်းလေးဖြစ်ပေမယ့် ဖြောင့်မတ်မှန်ကန်တဲ့ ယောကျာ်းလေးမျိုးပါ။

Pilot Watch
Pilot Watch တွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ကြိုက်နှစ်သက်တဲ့သူတွေ ဖြစ်ကြပါတယ်။ လေယာဉ်နဲ့ ခရီးသွားတာတွေ၊ လေကြောင်းနဲ့ သွားလာရတာတွေဟာ အဲဒီလိုလူတွေအတွက် ထင်ရှားတဲ့ စွဲဆောင်မှုကောင်းတွေ ဖြစ်ပေမယ့် အဲဒါတွေပဲလားဆိုတော့လည်း မဟုတ်ပါဘူးနော်။


Pilot Watch တွေကို ရွေးချယ်ပတ်တဲ့သူတွေဟာ အားလပ်ရက်ရပြီဆိုရင် မိုးပျံပူဖောင်းစီးရတာတွေ၊ လေထီးခုန်ချရတာမျိုးတွေ၊ လေထီးလိုမျိုး Paragliding မျိူးတွေ လုပ်ပြီး အချိန်ဖြုန်းရတာမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ဟာ မြေပြင်မှာလုပ်လို့ရတဲ့ Activity တွေထက် လေထဲမှာလုပ်ရတဲ့ Activity တွေကို ပိုကြိုက်နှစ်သက်သူပါ။ စိတ်ပညာရှင်တွေက သူတို့နဲ့ ပတ်သက်ပြီး ပြောတာကတော့ သူတို့ဟာ တခြားလူတွေထက် Dopamine Level ( ဦးနှောက်ကနေထုတ်လွှင့်တဲ့ ဟော်မုန်းတစ်မျိုး) အနည်းငယ် ပိုမြင့်နေပါတယ်တဲ့။ ဒါကြောင့်မို့ သူတို့ဟာ အန္တရာယ်တွေနဲ့ ထိတွေ့ပြီး နေထိုင်ရတာကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Pilot Watch တွေက အမျိုးသားတွေအတွက် အကောင်းဆုံး အဖော်မွန်ကောင်းအနေနဲ့ ရှိနေပေးတဲ့ အရာတစ်ခုပါ။

Diver’s Watch
Diving Watch တွေဟာ ယောကျာ်းလေးတွေအတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက အမိုက်ဆုံး Sport Watch တွေအဖြစ်နဲ့ ကျော်ကြားခဲ့ပါတယ်။ Diving Watch တွေကို နှစ်သက်တဲ့ အမျိုးသားတွေဟာ ခေတ်ဆန်ပြီး လက်တွေ့ကျတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ James Bond ကားတွေထဲမှာဆိုရင် ကြမ်းတမ်းခက်ထန်တဲ့ James Bond ကို တစ်ချိန်ထဲမှာပဲ လက်တွေ့ကျတဲ့သူဖြစ်အောင်လို့ Diving Watch တွေကို ဆင်ပေးပါတယ်။


Diving Watch တွေဟာ ဒီဇိုင်နာထုတ်အကျီၤတွေနဲ့ ဝတ်ဆင်တဲ့အခါမှာလည်း လိုက်ဖက်မှုရှိသလို ကမ်းခြေလိုနေရာမျိုးတွေသွားလို့ ကမ်းခြေဝတ်ပေါ့ပေါ့ပါးပါး အဝတ်အစားတွေနဲ့လည်း လိုက်ဖက်မှုရှိလို့ စွယ်စုံကျွမ်းကျင်တဲ့သူတွေ ရွေးချယ်ကြတဲ့ နာရီအမျိုးအစားပါ။ ပြောရမယ်ဆိုရင်တော့ Diving Watch ကို ရွေးချယ်ဝတ်ဆင်ကြတဲ့သူတွေဟာ စွယ်စုံတော်ကြပြီး ဘယ်သူတွေနဲ့မဆို သဟဇာတဖြစ်အောင် နေထိုင်နိုင်ကြတဲ့သူတွေပါ။

Classic Watch
Classic Watch တွေကို ရွေးချယ်ကြတဲ့သူတွေကတော့ Minimalist ဖြစ်တဲ့ အမျိုးသားတွ များပါတယ်။ Minimalist ဖြစ်တဲ့ အမျိုးသားတွက ရှုပ်ယှက်ခက်နေတာကို မကြိုက်ကြပါဘူး။ ကြည့်လိုက်တာနဲ့ ထင်ရှားပြီး ရိုးရိုးရှင်းရှင်းဖြစ်နေတဲ့ တသတ်မတ်တည်းရှိတဲ့ ဒီဇိုင်းမျိုးကို ကြိုက်ကြပါတယ်။ သူတို့ဟာ ဖိုသီဖတ်သီနေတဲ့ လူမျိုးတွေမဟုတ်ဘဲ ကြော့မော့အောင် နေတတ်တဲ့လူမျိုးတွေဖြစ်ပြီး ဘယ်ပွဲအခမ်းအနားဆို ဘာလေးဝတ်ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ လူမျိုးတွေပါ။


Minimalist တွေရဲ့ ပြဿနာကတော့ Suit ဝတ်ရတာကို ကြိုက်လွန်းခြင်းပါပဲ။ Suit တွေဝတ်ရင်လည်း တွေ့ကရာ ကောက်ဝတ်တာမျိုးလုံးဝမလုပ်ဘဲ Colour Palettes တွေထဲကနေ သေချာကြည့်ပြီး ရှင်းသန့်တဲ့ ဒီဇိုင်းမျိုးတွေကို စေ့စေ့စပ်စပ် သေချာအချိန်ပေးရှာပြီး ဝတ်ဆင်တတ်တဲ့သူတွေပါ။ Suit ဝတ်ရင် အဖြူနဲ့ အနက်ရောင်ကို အဝတ်များပြီး Suit တွေကို ကိုယ်နဲ့ ကွက်တိကျအောင် ဒီဇိုင်နာနဲ့ အပ်ပြီး ချုပ်ဝတ်ကြပါတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်အဖြစ်ရဆုံးကတော့ ရိုးရှင်းပြီး ဈေးပေါတာကို ဝတ်ရတာမျိုးပါ။ ရိုးရှင်းတဲ့ ဒီဇိုင်းမျိုး ဖြစ်လို့ရပေမယ့် ဘယ်အချိန်ပဲကြည့်ကြည့် ဆွဲဆောင်မှုကောင်းပြီး ပေးရတာ တန်ကြေးရှိတာမျိုး ဖြစ်နေဖို့ကတော့ သူတို့အတွက် အရေးကြီးဆုံးပါ။

ကဲ ……ဒီနာရီတွေကို ရွေးချယ်ပတ်တဲ့သူတွေကရော အခုဖော်ပြထားတဲ့ အတိုင်း ကွက်တိကျကြရဲ့လား။ အမြင်မတူလို့ ကွဲလွဲတာတွေရှိရင်လည်း ဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle