YouTube Streaming ကို ပြောင်းလဲအသုံးပြုသွားဖို့ ရာခိုင်နှုန်းများနေတဲ့ နာမည်ကျော် Streamer Ninja

Microsoft ရဲ့ Mixer ပြန်လည် ဖျက်သိမ်းသွားတာကြောင့် Streaming Platform လက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် Streamer တစ်ဦးဖြစ်သူ Tyler “Ninja” Blevins တစ်ယောက် YouTube Streaming ကို ပြောင်းလဲ အသုံးပြုသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Ninja အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ Twitch ကနေ Mixer ကို ပြောင်းလဲ Streaming ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ Mixer ကို ပြန်လည် ပိတ်သိမ်းလိုက်တာကြောင့် Ninja တစ်ယောက် Facebook Gaming ကိုပဲ ရောက်သွားမလား၊ YouTube Streaming ကိုပဲ ပြောင်းမလား ဒါမှမဟုတ် Twitch မှာပဲ ပြန်လည် Streaming ပြုလုပ်သွားမလားဆိုပြီး ပရိသတ်တွေ အကြား ကောလာဟလပေါင်း များစွာ ထွက်ပေါ်ခဲ့ပါတယ်။
ယခုအခါမှာ နာမည်ကျော် Leakster တစ်ဦးဖြစ်သူ HYPEX ရဲ့ ဖော်ပြချက်များအရ Ninja တစ်ယောက် YouTube Streaming ကို ပြောင်းလဲ အသုံးပြုသွားမှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ HYPEX ရဲ့ ဖော်ပြချက်များအရ Ninja အနေနဲ့ Subscriber ၂၃.၈ သန်းရှိ ကိုယ်ပိုင် YouTube Channel မှာ Streaming Session တစ်ခုကို စမ်းသပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း HYPEX ဆီက အဆိုပါ သတင်း တက်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Ninja ရဲ့ YouTube Channel ကနေ အဆိုပါ Streaming Session လည်း ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။
Ninja most likely signed to youtube, he currently has a test stream scheduled, probably didn't mean to make it public but this is a huge hint.. pic.twitter.com/e4bd6lhD8M
— HYPEX (@HYPEX) July 7, 2020
ဒါ့အပြင် Ninja ရဲ့ အမျိုးသမီးလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ Jessica Blevins အနေနဲ့ Ninja တစ်ယောက် ဘယ် Streaming Platform ကို ပြောင်းလဲ အသုံးပြုသွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး မကြာခင် အချိန်အတွင်း ကြေညာသွားမှာဖြစ်ကြောင်း၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း တွစ်တာကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
You've all been patient....this week will be fun.
— Jessica Blevins (@JessicaBlevins) July 7, 2020
လက်ရှိအချိန်မှာ နာမည်ကျော် Streamer တွေဖြစ်တဲ့ CouRage, Valkyrae တို့ အနေနဲ့ YouTube မှာ ကိုယ်စီ Streaming တွေ ပြုလုပ်လျက် ရှိတာကြောင့် Ninja ကိုပါ ထပ်မံ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် YouTube အတွက်တော့ Twitch ကို ယှဉ်ပြိုင်ရာမှာ အင်အားတစ်ခု ဖြစ်စေမှာ အသေအချာပဲ ဖြစ်တာကြောင့် Ninja တစ်ယောက် YouTube ကို အမှန်တကယ် ရောက်ရှိသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: DotEsports, VpEsports