YouTube Gaming ကနေဦးစီးပြီး Mobile Gaming Charity Event တစ်ခုပြုလုပ်

YouTube Gaming ကနေဦးစီးပြီး Mobile Gaming Charity Event တစ်ခုပြုလုပ်

Mobile Gaming အောင်မြင်လာမှုကို ဂုဏ်ပြုတဲ့အနေနဲ့ YouTube Gaming ကနေ ဦးစီးပြီးကျင်းပတဲ့ Mobile Gaming Tournament တစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။ ဒီ Event မှာ Content Creator ခြောက်ယောက်ဟာ အသင်းနှစ်သင်းဖွဲ့ပြီး PUBG Mobile၊ Brawl Stars နဲ့ Clash Royale တို့မှာ ယှဥ်ပြိုင်ခဲ့ကြပြီး နိုင်တဲ့သူက USD $50,000 ကိုရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ငွေကိုတော့ သူတို့လှူချင်တဲ့နေရာမှာ အလှူအတန်းပြုလုပ်ပေးရမယ့် Charity Event တစ်ခုလည်းဖြစ်ပါတယ်။

ဒီ Event မှာ ပါဝင်ခဲ့တဲ့ Content Creators တွေကတော့ Clash with Ash၊ Orange Juice Gaming၊ KairosTime၊ Lex၊ Medalcore နဲ့ Her Gaming တို့ပဲဖြစ်ကြပါတယ်။ Event ကို VidCon YouTube Channel ကနေ ကျင်းပပေးခဲ့ပြီး PowerBang Gaming ကနေ Casting ပြုလုပ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အသင်းတွေကိုတော့ Medalcore နဲ့ Her Gaming ကတစ်ဖွဲ့၊ Lex နဲ့ KairosTime ကတစ်ဖွဲ့၊ Clash with Ash နဲ့ Orange Juice တို့ကတစ်ဖွဲ့ ယှဥ်ပြိုင်ခဲ့ကြပြီး တစ်ပွဲစီမှာ Points တွေတွက်ပြီး Points အများဆုံးရတဲ့သူကအနိုင် သတ်မှတ်ပြီး ယှဥ်ပြိုင်စေခဲ့ပါတယ်။

Event မှာ PUBG Mobile ကို သုံးပွဲဆက်ယှဥ်ပြိုင်စေခဲ့ပါတယ်။ နေရာတစ်နေရာတည်းကိုပဲ Hot Drop ပြုလုပ်ခိုင်းပြီး ယှဥ်ပြိုင်ပစ်ခတ်စေခဲ့တဲ့အခါမှာတော့ Medalcore နဲ့ Her Gaming တို့အတွဲက သုံးပွဲစလုံးမှာအနိုင်ရရှိခဲ့ပါတယ်။ Brawl Stars မှာတော့ ပွဲလေးပွဲယှဥ်ပြိုင်စေခဲ့ပြီး Duo Showdown Mode နဲ့ ဆော့ကစားခိုင်းခဲ့တာပါ။ Clash Royale မှာတော့ Round-Robin Format နဲ့ Two-versus-two ယှဥ်ပြိုင်စေခဲ့ပါတယ်။

Brawl Stars Content Creators တွေဖြစ်တဲ့ KairosTime နဲ့ Lex တို့ကတော့ မထင်မှတ်စရာကောင်းလောက်တဲ့ Performance တွေနဲ့အတူ ယှဥ်ပြိုင်အနိုင်ရရှိခဲ့ပြီး Champions ဆုကို ရယူနိုင်ခဲ့ပါတယ်။ သူတို့ကတော့ ရရှိလာတဲ့ $50,000 ကို World Health Organization (WHO) ကိုလှူဒါန်းခဲ့ပြီး COVID-19 Pandemic အတွက်ရည်ရွယ်ပြီး လှူဒါန်းခဲ့တယ်လို့ သိရှိထားရပါတယ်။

Mobile Gaming ကိုရည်ရွယ်ဂုဏ်ပြုထားတဲ့ ဒီ Event မှာ အခြား Content Creators ပေါင်းများစွာလည်း ပါဝင်ခဲ့ပြီး၊ Content တွေဘယ်လိုပြုလုပ်ရမလဲဆိုတာတွေ၊ Mobile Gaming အကြောင်းတွေနဲ့ အခြားအကြောင်းအရာပေါင်းများစွာကို ဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါသေးတယ်။ ပါဝင်ခဲ့တဲ့သူတွေထဲမှာ ဘရာဇီးအဖွဲ့အစည်းတစ်ခုက CEO ဖြစ်တဲ့ LOUDgg Bruno “PlayharD” Bittencourt၊ PUBG Mobile Streamer တစ်ယောက်ဖြစ်တဲ့ Naman “MortaL” Mathur တို့ပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် Call of Duty: Mobile နဲ့ Mobile Legends: Bang Bang တို့လည်းပါဝင်ခဲ့ပြီး COD:Mobile မှာတော့ Fortnite Mobile Creator တစ်ယောက်ဖြစ်တဲ့ DuckyTheGamer နဲ့ BobbyPlays တို့ ယှဥ်ပြိုင်ပစ်ခတ်ခဲ့ကြပါတယ်။ BobbyPlays ကတော့ ၁၂၂ kills ရရှိခဲ့ပြီး DuckyTheGamer ကတော့ ၁၁၇ kills ရရှိခဲ့တာကြောင့် BobbyPlays ကအနိုင်ရရှိခဲ့ပါတယ်။ Mobile Legends: Bang Bang မှာတော့ Ask VeLL နဲ့ Assassin Dave တို့ 1 vs 1 ယှဥ်ပြိုင်ခဲ့ကြပြီး၊ Assassin Dave က ၁၁ kills၊ Ask VeLL က ၆ kills နဲ့ Assassin Dave ကအနိုင်ရရှိခဲ့ပါတယ်။

Reference: Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle