အင်္ဂလိပ်စာကို အွန်လိုင်းကနေ လေ့လာမယ်ဆို မဖြစ်မနေ ကြည့်သင့်တဲ့ Youtube Channels ၄ ခု

အင်္ဂလိပ်စာကို အွန်လိုင်းကနေ လေ့လာမယ်ဆို မဖြစ်မနေ ကြည့်သင့်တဲ့ Youtube Channels ၄ ခု

ကျောင်းတွေ သင်တန်းတွေလည်း ပိတ်ထားပြီ။ ဒီအချိန်က စာနဲ့ပညာရေးနဲ့အဆက်အသွယ်မပြတ်ဖြစ်နေစေဖို့ အွန်လိုင်းကနေ စာတွေ မဖြစ်မနေလေ့လာသင့်ကြားရမယ့် အချိန်ပဲဖြစ်ပါတယ်။ Youtube ကတော့ အင်္ဂလိပ်စာလေ့လာဖို့အတွက် အထိရောက်ဆုံးနဲ့ စုစုည်းစည်းအဖြစ်ဆုံးလို့ ပြောရမယ်။ အခု ပြောပြပေးမယ့် Channels လေးခုကတော့ အင်္ဂလိပ်စာလေ့လာမယ့်သူများအတွက် တကယ့်ကို ထိထိရောက်ရောက်လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ သင်ကြားပြီးရင်လည်း ကိုယ်ပိုင် Self-study နဲ့ လေ့ကျင့်ဖို့လည်း လိုမယ်နော်။

Edulistic English Channel
https://www.youtube.com/channel/UCwSaNc_fvtPBUhFZQugcEfA

ဒီ Channel ကတော့ အင်္ဂလိပ်စကားပြော၊ အသုံးအနှုံးတွေ၊ အင်္ဂလိပ်သဒ္ဒါတွေကို အခြေခံကနေ စပြီး သေချာလေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာဆရာမ ကိုယ်တိုင် သေချာ သင်ပြပေးတာမို့ မြန်မာလိုပဲသင်ယူချင်သူတွေ အတွက်ဆို အရမ်းကို လွယ်ကူပါတယ်။

AJHoge
https://www.youtube.com/user/ajhoge/featured

AJHoge ကတော့ Effortless English - သင်ကြားလေ့လာ အင်္ဂလိပ်စာ အလွန်လွယ်ကူစွာဆိုပြီး အင်္ဂလိပ်စာကို သေသေချာချာ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ လေ့လာနိုင်ဖို့ ပြောပြသင်ကြားနေတာပါ။ Intermediate Level ကို ရောက်နေတဲ့သူတွေနားထောင် သင်ယူနိုင်ပြီး English Speaking နဲ့ Listening ကို တိုးတက်စေဖို့ တကယ်ကို အထောက်အကူဖြစ်မှာပါ။ ဘယ်လိုလေ့လာသင့်တယ်။ ဘယ်လိုမှတ်ယူသင့်လဲဆိုတဲ့ နည်းမှန်လမ်းမှန်တွေကို ပြနေတာဖြစ်ပါတယ်။

BBC Learning English
https://www.youtube.com/user/bbclearningenglish
BBC learning English ကတော့ ၆ မိနစ်စာ ဗဟုသုတ၊ပညာရေးနဲ့ဆိုင်တဲ့ ခေါင်းစဉ်လေးတွေကို  စာတန်းထိုးပါ ထောက်ပံ့ပေးထားတာပါ။ စုံလင်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေလည်း လေ့လာနိုင်တာမို့ သင်တန်းသွားစရာလုံးဝမလိုဘဲ အင်္ဂလိပ်စာစွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

Jennifer Banks
https://www.youtube.com/channel/UCCxsvTLWTFrm5w-6WnJqI6g/featured
အင်္ဂလိပ်စကားပြောကို အဆင့်မြှင့်ချင်သူတွေ မဖြစ်မနေ လေ့လာသင့်တဲ့ Channel လေးတစ်ခုဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ပေါ်မှာမူတည်ပြီး ဘယ်လိုပြောရမလဲဆိုတာကို ကာတွန်းရုပ်လေးတွေနဲ့ စကားပြောပုံစံလေးတွေမို့ သင်ယူရတာ အရမ်းကို အဆင်ပြေမှာပါ။ စာတန်းထိုးလေးနဲ့ဆိုတော့ ပိုလေ့လာလို့ ကောင်းပါတယ်။

အိမ်မှာ ပိုနေတဲ့ အချိန်တွေကို လုံး၀ အလကားမဖြစ်စေဘဲ အိမ်မှာနေရင်း အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်နိုင်ဖို့ အခုပြောပြထားတဲ့ Channel ကနေ မဖြစ်မနေ လေ့လာသင်ယူကြပါလို့။

Kelly- Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ