Karl နဲ့ Hustla ကို ခေါ်ယူလိုက်တဲ့ Zerothreetwo Dota

Karl နဲ့ Hustla ကို ခေါ်ယူလိုက်တဲ့ Zerothreetwo Dota

Ninjaboogie ကိုယ်တိုင် ဦးစီးပြီး တည်ထောင်ထားတဲ့ 032 Dota2 အသင်းကတော့ Mid Lane ကစားသမား Nikko နဲ့ Support ကစားသမား Matt တို့နဲ့ ပြန်လည် လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Zerothreetwo Dota2 အသင်းကို တည်ထောင်ခဲ့တာ ၃ လခန့်သာ ကြာမြင့်သေးပေမယ့်လည်း အသင်းတွင်း အဆင်မပြေမှုလေးတွေ ရှိနေတာကြောင့် အခုလို SEA အခြေစိုက် အသင်းလက်မဲ့ နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ Karl နဲ့ Hustla တို့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

👀👀 Eyes here boys‼️‼️ We are happy to announce the new players that would complete our roster and help us achieve our...

Posted by Zerothreetwo Dota on Friday, October 9, 2020

Zerothreetwo Dota2 အသင်း အနေနဲ့ BTS Pro Series Season 3: SEA ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အချို့သော ပွဲစဉ်တွေမှာလည်း လူစုံတက်စုံ ကစားနိုင်ခြင်း မရှိခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး 9K Pos4 ကစားသမား Raprap ကို အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားစေခဲ့ပါတယ်။

Zerothreetwo Dota2 အသင်းဟာ BTS Pro Series Season 3: SEA ပြိုင်ပွဲမှာ အဆင့် ၇ - ၈ နဲ့သာ ကျေနပ်ခဲ့ရပြီး အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ Ninjaboogie အနေနဲ့ ကျေနပ်နိုင်ခြင်း မရှိဘဲ အခုလို နာမည်ကျော် ကစားသမား နှစ်ဦးကို ခေါ်ယူပြီး အသင်းကို ထပ်မံ အားဖြည့်ခဲ့ရတာ ဖြစ်ပါတယ်။

Karl

Zerothreetwo Dota2 အသင်းမှာ Mid Laner အဖြစ် ဝင်ရောက် ကစားသွားမယ့် Karl ဟာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်ကာ ဖျက်သိမ်းသွားခဲ့တဲ့ Geek Fam Dota2 အသင်းနဲ့အတူ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီး မကြာသေးခင် အချိန်ကပဲ 11K MMR ပြည့် ကစားသမားဆိုတဲ့ စံချိန်ကောင်းကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Hustla

Hustla ဟာ ဆိုရင်လည်း SEA အခြေစိုက် ဖျက်သိမ်းသွားခဲ့တဲ့ Relity Rift Dota2 အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက် ဆိုသလို ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ SEA ဒေသတွင်း ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ကြေညာခြင်း မရှိသေးတာကြောင့် ပြိုင်ပွဲတွေ ပြန်လည် ကျင်းပသွားတဲ့ အချိန်မှာ အတော်လေး တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ Zerothreetwo အဖွဲ့သားတွေ အနေနဲ့ အောင်မြင်မှုတွေကို ရယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle