ပြန်လည် ဖျက်သိမ်းသွားပြီဖြစ်တဲ့ Dota2 အသင်း Zerothreetwo

ပြန်လည် ဖျက်သိမ်းသွားပြီဖြစ်တဲ့ Dota2 အသင်း Zerothreetwo

Ninjaboogie, Natsumi, Bok စတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Zerothreetwo Dota2 အသင်းကတော့ ထင်သလိုတွေ ဖြစ်လာခြင်း မရှိတာကြောင့် အသင်း ပြန်လည် ဖျက်သိမ်း သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာ နာမည်ကျော် SEA ကပ္ပတိန်ကြီး Michael “Ninjaboogie” Ross ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ 032 Dota2 အသင်းဟာ ဝင်ရောက် ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Ninjaboogie

ဒါ့အပြင် အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Karl အနေနဲ့ T1 Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့သလို လစ်လပ်လျက်ရှိတဲ့ Pos4 နေရာ အတွက် အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားကို ရှာဖွေနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို အသင်းကို ပြန်လည် ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Karl

“အသင်း အတွက် လိုအပ်လျက်ရှိတဲ့ Mid Laner နဲ့ Soft Support ကစားသမားတွေကို ရှာဖွေနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို 032 Dota2 အသင်းကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းကို ဖွဲ့စည်းခဲ့တာ အချိန်ကာလ အနည်းငယ်ခန့်သာ ရှိသေးပေမယ့် အသင်းမှာ ရှိနေခဲ့တဲ့ ကာလတစ်လျှောက် စိတ်အားထက်သန်စွာ ကြိုးစားပေးခဲ့တဲ့ ကစားသမား အားလုံးကို ကျေးဇူးတင်ရှိသလို Esports ရပ်ဝန်းနဲ့ ပက်သက်ပြီး လေ့လာခွင့် ရရှိခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။”

Bok

အခုလို အသင်း ပြန်လည် ဖျက်သိမ်းသွားခဲ့တာကြောင့် Captain ဖြစ်သူ Ninjaboogie နဲ့ Offlaner ဖြစ်သူ Bok တို့ အနေနဲ့ အသင်းလက်မဲ့ ဘဝကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် Carry ကစားသမားဖြစ်သူ Natsumi ကတော့ ဖိလစ်ပိုင် အခြေစိုက် Dota2 အသင်း တစ်သင်းဖြစ်တဲ့ Neon Esports မှာ ပြောင်းလဲ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အသင်းမှာ အချိန် ကာလတစ်ခု အကြာ တည်ရှိနေပေးခဲ့တဲ့ JG တစ်ယောက် ဒီနေ့မှာ Neon Esports နဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ JG က အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ရှေ့ဆက်ပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ JG တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ပေမယ့်လည်း အသင်းရဲ့ Carry Position အတွက် အတွေ့အကြုံရှိ ကစားသမား တစ်ဦးဖြစ်တဲ့ Natusmi ကို ပြန်လည် ခေါ်ယူလိုက်နိုင်တာကြောင့် ရှေ့ဆက်ပြီး Natsumi နဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ Neon Esports ဘက်ကတော့ ကြေညာသွားခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle