Es3tag ကို ဆဌမမြောက် ကစားသမား အဖြစ်‌ ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ရှင်းပြခဲ့တဲ့ Astralis CSGO အသင်း နည်းပြ Zonic

Es3tag ကို ဆဌမမြောက် ကစားသမား အဖြစ်‌ ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ရှင်းပြခဲ့တဲ့ Astralis CSGO အသင်း နည်းပြ Zonic

ပြီးခဲ့တဲ့ ရက်ပိုင်းက နာမည်ကျော် Astralis CSGO အသင်း အနေနဲ့ FunPlus Phoenix CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Patrick “es3tag” Hansen ကို အသင်းရဲ့ ဆဌမမြောက် ကစားသမားအဖြစ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Astralis CSGO အသင်းရဲ့ နည်းပြဖြစ်သူ Danny “Zonic” Sorensen အနေနဲ့ Es3tag ကို ဆဌမမြောက် ကစားသမားအဖြစ် ခေါ်ယူခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပြီ ဖြစ်ပါတယ်။

Zonic

“ကျွန်တော်တို့ Astralis CSGO အဖွဲ့သားတွေ အနေနဲ့ အသစ်အသစ်သော နည်းစနစ်တွေ၊ ကျွန်တော်တို့ အတွက် အကျိုးရှိနိုင်မယ်လို့ ထင်မြင်မိတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖို့ အတွက် အမြဲလိုလို စိတ်ဝင်စားလျက် ရှိပါတယ်။

Es3tag ရဲ့ စွမ်းဆောင်ရည်က ယခုထက် ပိုမို ကောင်းမွန်လာနိုင်တဲ့ အပြင် ကျွန်တော်တို့ အသင်းရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီတာကြောင့် အခုလို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ တကယ်လို့ Astralis CSGO အသင်းရဲ့ ကစားသမား တစ်ဦးဦး ပွဲစဉ် တစ်ခုမှာ ဝင်ရောက် ကစားဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် Es3tag အနေနဲ့ အဆိုပါ ကစားသမား နေရာမှာ အလွယ်တကူပဲ ဖြည့်စွက် ဝင်ရောက် ကစားနိုင်မယ်လို့ ယုံကြည်မိတာကြောင့် အခုလို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။”

Astralis CSGO

ဒါ့အပြင် Es3tag ကို ခေါ်ယူခဲ့ရခြင်းရဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ တစ်နှစ်တာ ကာလပတ်လုံး ပြိုင်ပွဲပေါင်း များစွာကို ဝင်ရောက် ယှဉ်ပြိုင်ရင်း ကစားသမားတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်တဲ့ စိတ်ပင်ပန်းမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပရိုဖက်ရှင်နယ် LoL အသင်းတွေ၊ MLLBB အသင်းတွေ အနေနဲ့ ကစားသမား (၆) ဦး၊ (၇) ဦးခန့်ကို အမြဲတမ်း ကစားသမား အဖြစ် စာရင်းသွင်းထားပြီး ယှဉ်ပြိုင်ရမယ့် ပွဲစဉ်နဲ့ ကိုက်ညီတဲ့ ကစားသမားကို ပွဲထွက်ကစားသမား အဖြစ် ပွဲထုတ်လေ့ ရှိတာကြောင့် Es3tag ကို ဆဌမမြောက် ကစားသမား အဖြစ် ခေါ်ယူခဲ့တဲ့ Astralis ရဲ့ လုပ်ရပ်က အခြားသော Esports ပြိုင်ပွဲဝင် အသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိပ်တော့ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

es3tag

ဒါပေမယ့်လည်း CSGO လောကမှာ အမြဲတမ်း ကစားသမား (၆) ဦး ပါဝင်တဲ့ CSGO အသင်းဆိုလို့ Astralis CSGO အသင်း တစ်သင်းတည်းသာ ရှိသေးတာကြောင့် Es3tag ကို ခေါ်ယူလိုက်ခြင်းက Astralis အသင်း အတွက် အကျိုးအမြတ်ဖြစ်စေမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle