HTLV က ပေးအပ်တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး CSGO ကစားသမားဆုကို ရရှိခဲ့တဲ့ ZywOo

HTLV က ပေးအပ်တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး CSGO ကစားသမားဆုကို ရရှိခဲ့တဲ့ ZywOo

Vitality CSGO အသင်းရဲ့ နာမည်ကျော် လူငယ် ကစားသမား Mathieu “ZywOo” Herbaut ကတော့ HLTV က ပေးအပ်တဲ့ အကောင်းဆုံး CSGO ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ZywOo အနေနဲ့ အခုလို HLTV က ပေးအပ်တဲ့ အကောင်းဆုံး CSGO ကစားသမားဆုကို ၂၀၁၉ ခုနှစ်ကလည်း ရရှိခဲ့သလို ယခု ၂၀၂၀ ခုနှစ် အတွက်ပါ ထပ်မံ ရယူနိုင်ခဲ့တာကြောင့် ၂ နှစ်ဆက်တိုက် ရယူနိုင်တဲ့ တတိယမြောက် ကစားသမား အဖြစ် GeT_RiGhT (2013, 2014), Coldzera (2016, 2017) တို့နောက်မှာ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZywOo အနေနဲ့ Vitality CSGO အသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ၁၀ လပိုင်းက စတင်ပြီး လက်ရှိအချိန်ထိ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့သလို ၂၀၂၀ ခုနှစ်အတွင်းမှာ Vitality CSGO အသင်းနဲ့အတူ BLAST Premier Spring 2020 EU Showdown, IEM XV Beijing Online: EU, BLAST Premier Fall 2020 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၀ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲ အများစုရဲ့ Grand Finals အဆင့်ကို တက်လှမ်းနိုင်အောင် အဓိက နေရာကနေ ကူညီ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ZywOo အနေနဲ့ ၂၀၂၀ ခုနှစ် အတွက် Rating အမြင့်ဆုံး ကစားသမား နေရာမှာ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Aleksandr “s1mple” Kostyliev နဲ့ အတူ ရပ်တည်နိုင်ခဲ့ပြီး ၂ နှစ်ဆက်တိုက် s1mple ကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“အခုလို HLTV က ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာ ကျွန်တော့် အတွက်တော့ တကယ်ကို အိပ်မက် တစ်ခုလိုပါပဲ။ ၂၀၂၀ ခုနှစ်ဟာ ကျွန်တော် အပါအဝင် CSGO ကစားသမား အများစု အတွက် တကယ်ကို ခက်ခဲတဲ့ ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက အောင်မြင်တဲ့ CSGO ကစားသမား တစ်ဦး အဖြစ် ရပ်တည်သွားနိုင်ဖို့ မျှော်လင့်ခဲ့တယ်။

အခုလို ကျွန်တော့် အသက် (၂၀) ဝန်းကျင်မှာတင် အောင်မြင်တဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အတွက်လည်း တကယ်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ကို အမြဲတမ်း အထောက်အပံ့ ပေးလျက်ရှိတဲ့ အသင်းဖော်တွေ၊ Vitality CSGO အဖွဲ့သားတွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ သူတို့တွေနဲ့ အတူ ၂၀၂၁ မှာလည်း အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။” လို့ ZywOo ကတော့ ပြောကြားသွားခဲ့ပါတယ်။

ZywOo အပါအဝင် Vitality အဖွဲ့သားတွေ အနေနဲ့ BLAST Premier Global Final 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး ပြိုင်ပွဲမှာ ZywOo တစ်ယောက် ချန်ပီယံဆုကို ထပ်မံ သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle