Trailer အသစ်နဲ့အတူ အတည်ပြုလိုက်ပြီဖြစ်တဲ့ Call of Duty Black Ops: Cold War

Trailer အသစ်နဲ့အတူ အတည်ပြုလိုက်ပြီဖြစ်တဲ့ Call of Duty Black Ops: Cold War

သတင်းတွေပေါက်ကြားထားတဲ့အတိုင်းတော့ Call of Duty Black Ops ဂိမ်းအသစ်ဟာ Cold War ဆိုတဲ့နာမည်နဲ့ ထွက်ရှိလို့လာတော့မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် Call of Duty ဂိမ်းမှာတော့ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ အမေရိကန်နှင့် ဆိုဗီယက်တို့ကြား ကာလရှည်ရန်စောင်နေတဲ့ စစ်အေးတိုက်ပွဲကို အခြေခံပြီး ထွက်ရှိလာတာဖြစ်ပါတယ်။

Call of Duty Black Ops ဂိမ်းသစ်ကို Treyarch နဲ့ Raven တို့ပူးပေါင်း Develop ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Trailer ထဲမှာလည်း အမေရိကန်နဲ့ ဆိုဗီယက်တို့ ပဋိပက္ခဖြစ်တာကို အခြေခံထားပြီး အဆုံးမှာတော့ Cold War ဆိုတဲ့နာမည်အသစ်နဲ့ ဂိမ်းကိုအတည်ပြုကြေညာပေးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Call of Duty Black Ops: Cold War အတွက် ဘယ်လို Gameplay တွေ၊ Story Setting တွေနဲ့မြင်ရမယ်ဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း သြဂုတ်လ ၂၆ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မိတ်ဆက်ပေးသွားတော့မယ့် ဒီဂိမ်းအသစ်အတွက် စောင့်ဆိုင်းစရာသိပ်တော့မလိုတော့ဘူးထင်ပါတယ်။

Ref: IGN