Twitch ကို အသုံးပြုပြီး တပ်သားသစ် စုဆောင်းရေးတွေ လုပ်ဆောင်နေမှုကို တားမြစ်ရေး အဆို တင်သွင်းသွားမည်

အမေရိကန် လွှတ်တော်အမတ် Alexandria Ocasio Cortez ကတော့ အမေရိကန် စစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ Esports ဂိမ်းတွေ၊ ဗီဒီယိုဂိမ်းတွေ၊ Streaming ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး တပ်သားသစ် စုဆောင်းရေးတွေ လုပ်ဆောင်နေမှုကို တားမြစ်သွားမယ့် အဆိုတစ်ခုကို တင်သွင်းနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။

Ocasio Cortez ဘက်က ပြောကြားချက်များအရ အမေရိကန် စစ်တပ်အနေနဲ့ Twitch အပါအဝင် Streaming Platform တွေ၊ ဗီဒီယိုဂိမ်းတွေ၊ Esports ပြိုင်ပွဲတွေကနေ တစ်ဆင့် တပ်သားသစ်များ စုဆောင်းနိုင်ရေး အတွက် ငွေကြေး အင်အားကို အလုံးအရင်းနဲ့ အသုံးပြုလျက် ရှိတယ်လို့ သိရပါတယ်။ သူမအနေနဲ့ အဆိုပါ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ရှုံ့ချသလို၊ ငွေကြေးအင်အား အမြောက်အများ အသုံးပြုပြီး တပ်သားသစ် စုဆောင်းမှု အပေါ် တားမြစ်နိုင်ရေး အတွက် အဆိုတစ်ခု တင်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန် စစ်တပ် အနေနဲ့ Twitch Platform မှာ တည်ရှိနေတဲ့ US Army Twitch Channel ကို လူကြည့်များလာစေရေး အတွက် Giveaways အတုတွေနဲ့ မြူစွယ်မှုတွေ ပြုလုပ်ခဲ့သလို Giveaways အတွက် ဖောင်ပြည့်ခိုင်းတဲ့ နေရာမှာ တပ်သားသစ် စုဆောင်းရေးဖောင်တွေကို အစားထိုး အသုံးပြုခဲ့တာကြောင့် Twitch ဘက်ကတော့ အမေရိကန်စစ်တပ်ကို Giveaways အတုတွေ ပြုလုပ်ခြင်းကို အပြင်းအထန် တားမြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း US Army နဲ့ US Navy Twitch Channel တို့ အနေနဲ့ အမေရိကန်စစ်တပ်မှ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက် (Comment) လာပေးတဲ့ သူတွေကို ရာသက်ပန် ဘန်းခဲ့တာကြောင့် အပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ အမေရိကန် အခြေစိုက် The Knight First Amendment Institute အဖွဲ့အစည်း အနေနဲ့လည်း အမေရိကန် ကြည်းတပ်နဲ့ ရေတပ် တပ်သားစစ် စုဆောင်းရေး ဌာနကို လိပ်မူပြီး Twitch Channel တွေကနေ Ban ထားတဲ့ ကြည့်ရှုသူတွေကို Unban ပြန်လည် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
just having a good time with the US Army esports twitch stream @JordanUhl pic.twitter.com/qnjyxg1KP0
— Rod Breslau (@Slasher) July 8, 2020
နာမည်ကျော် Esports သတင်းထောက် တစ်ဦးဖြစ်သူ Rod “Slasher” Breslau ရဲ့ ပြောကြားချက်များ အရ ကြည့်ရှုသူတွေကို Ban တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် အမေရိကန် စစ်တပ်ပိုင် Esports အသင်းတွေ အနေနဲ့ Twitch ကနေ Streaming ပြုလုပ်မှုတွေကို ရပ်နားထားသလို Twitch ကနေ ကြီးမှုး ကျင်းပသွားမယ့် Twitch Rivals Events မှာလည်း ပါဝင်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
REF: DotEsports