Fall Guys: Ultimate Knockout ဂိမ်းကို Mobile မှာ မြင်တွေ့လာရဖွယ်ရှိ

Fall Guys: Ultimate Knockout ဂိမ်းကို Mobile မှာ မြင်တွေ့လာရဖွယ်ရှိ

ကဲ စ ထွက်ကတည်းကအတော်ကိုပေါက်ခဲ့တဲ့ Fall Guys ကတော့ Mobile Version ပါထွက်တော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။ Party ဂိမ်းပုံစံနဲ့ Battle Royale Platformer ဂိမ်းကိုတော့ ကျွန်တော်တို့ ဖုန်းမှာပါဆော့ကစားရင်း စ လောင်လို့ရပါပြီဗျာ။

တရုတ်နဲ့အာရှဂိမ်းပိုင်းကို တာဝန်ယူ သတင်းတွေတင်ပြပေးနေတဲ့ Daniel Ahmad က ဒီသတင်းကို အတည်ပြုပြောကြားပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ Tweet အရကတော့ တရုတ်ပြည်ရဲ့ ဂိမ်းနဲ့ Entertainment တွေကိုတာဝန်ယူထုတ်လုပ်ပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bilibili က Fall Guys: Ultimate Knockout ကို Mobile Version ပြုလုပ်ဖို့အတွက် လုပ်ပိုင်ခွင့်တွေ ရရှိထားတယ်လို့ သိရှိထားရပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်ပြည်မှာပဲ ဒီဂိမ်းကို စ တင်တွေ့မြင်ရဖို့ရှိတယ်လို့ သိရှိထားရပြီး၊ တခြား Region တွေအတွက် ထွက်ရှိလာမယ်လို့ ကြေညာထားတာတော့ မမြင်ရသေးဘူးလို့လည်း သူကပြောကြားထားပါသေးတယ်။ ဒီအတွက်ကြောင့် Mobile နဲ့ ဆော့ကစားချင်တဲ့သူတွေအဖို့တော့ အတော်လေးစောင့်ရဖို့ရှိသေးတယ်လို့ အကြမ်းဖျဥ်းသိရှိထားရပါတယ်။

လက်ရှိအချိန်မှာ ၂ သန်းကျော် Copies တွေရောင်းချခဲ့ရတဲ့အထိ ရေပန်းစားနေတဲ့ Fall Guys: Ultimate Knockout ကိုလက်ရှိအချိန်မှာ ဆော့ကစားလိုတယ်ဆိုရင်တော့ PS4 မှာတော့ PS Plus ကိုရယူထားတဲ့သူတွေအဖို့ သြဂုတ်လ ၃၀ ရက်မတိုင်မီအထိ အရယူနိုင်ပါသေးတယ်။ PC မှာဆိုရင်တော့ Steam Store မှာ USD $19.99 နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle