Marvel’s Avengers ဆော့ဖို့လိုအပ်တဲ့ PC Specification တွေထွက်ရှိ

Marvel’s Avengers ဆော့ဖို့လိုအပ်တဲ့ PC Specification တွေထွက်ရှိ

Square Enix ရဲ့ ဂိမ်းသစ် Marvel’s Avengers ကို PC မှာဆော့ကစားဖို့အတွက် Specification တွေ စ တင်ထွက်ရှိလို့လာပါပြီ။ ဒါ့အပြင် Marvel’s Avenger ဂိမ်းကို ကြည်လင်တောက်ပတဲ့အရည်အသွေးနဲ့ ဆော့ကစားနိုင်ဖို့အတွက် “High-resolution texture pack” လည်းထွက်ပေါ်လာပြီး၊ High resolution နဲ့ဆော့ချင်တယ်ဆို 30GB ကျော် Storage Space ထပ်လိုအပ်သွားမှာဖြစ်ပါတယ်။

PC မှာဆော့ကစားဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

·       OS: Windows 10 64-bit

·       CPU: i3-4160 or AMD equivalent

·       8GB RAM

·       NVIDIA GTX 950 / AMD 270 (min 2GB video ram)

·       DirectX 12

·       75GB HDD space

အနိမ့်ဆုံးတောင်မှ GTX 950 လောက်ထိလိုအပ်နေတဲ့ Marvel’s Avengers ဂိမ်းဟာ သူတို့သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေမှာကတော့ Specification တွေ ပိုလို့တောင် မြင့်မားပါသေးတယ်။ Recommend ပေးထားတဲ့ Specifications တွေကတော့ -

·       Windows 10 64-bit

·       CPU: Intel Core i7 4770K, 3.4 Ghz or AMD Ryzen 51600, 3.2 Ghz

·       16GB RAM

·       NVIDIA GTX 1060 6GB or AMD Radeon RX 480, 8GB.

·       DirectX 12

·       110GB SSD space

တို့ပဲဖြစ်ပါတယ်။

Square Enix ကတော့ High Resolution Texture Pack ဟာ “လှပဆန်းကြယ်ပြီး အကောင်းဆုံး Detail ကျတဲ့ Graphics အရည်အသွေးကို ဂိမ်းထဲမှာခံစားလိုသူတွေအတွက်” ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Avengers ဂိမ်းသစ်မှာ PC အတွက် Ultra-Wide Resolutions တွေကို ထောက်ပံ့ပေးမှာဖြစ်ပြီး၊ Multi-Monitor Setup အတွက်လည်း အဆင်ပြေပြေဆော့ကစားနိုင်မယ်လို့ သိရှိရပါတယ်။

Square Enix ရဲ့ Avengers ဂိမ်းသစ်ကို စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး၊ PC သမားတွေအတွက် ဝမ်းနည်းစရာသတင်းတစ်ခုကတော့ Avengers ထဲက နာမည်ကြီး Hero တစ်ယောက်ဖြစ်တဲ့ Spiderman ကတော့ PS4 ကလွဲ အခြား Platform တွေမှာ ဆော့ကစားလို့ရမှာမဟုတ်တာပဲဖြစ်ပါတယ်။