S1mple နဲ့ Zeus တို့ Ban ခံထားရတာကို ပြန်လည်ရုပ်သိမ်းပေးလိုက်တဲ့ Twitch

S1mple နဲ့ Zeus တို့ Ban ခံထားရတာကို ပြန်လည်ရုပ်သိမ်းပေးလိုက်တဲ့ Twitch

CS:GO Professional ကစားသမားတွေဖြစ်ပြီး၊ Na`Vi အသင်းရဲ့ကစားသမားဖြစ်တဲ့ S1mple နဲ့ ယခင်အသင်းခေါင်းဆောင်ဖြစ်တဲ့ Zeus တို့ကို Twitch ကနေ လွန်ခဲ့တဲ့အပတ်က Ban ခံလိုက်ရပါတယ်။ ထူးဆန်းတာက Player နှစ်ယောက်စလုံး အရင်တုန်းကလည်း သုံးကြိမ်ဘမ်းခံထားရဖူးပါတယ်။

အခုအခါမှာလည်း Ban ခံရလည်းအတူတူ၊ Unban ပြန်လုပ်ခံရလည်းအတူတူဖြစ်နေပြန်ပါတယ်။ Player နှစ်ယောက်စလုံးဟာ တစ်ပတ်လောက် ဆိုင်းငံ့ခံထားရပြီးမှ အခုလို Unban ပြန်လုပ်ပေးထားတာဖြစ်ပြီး၊ ဘာကြောင့် Ban ခံလိုက်ရတယ်ဆိုတာကိုတော့ Twitch ကဖြေရှင်းထားခြင်း လုံးဝမရှိပါဘူး။

ဒီလိုမျိုး Ban ခံထားရတာကို Zeus ကတော့ ဘာမှပြောကြားထားတာမျိုးမရှိပေမယ့်၊ S1mple ကတော့ ကျေနပ်တဲ့ပုံမပေါ်ပါဘူး။ S1mple က Twitter မှာ “ကျွန်တော့်ကိုဘာကြောင့် Ban ထားလဲဆိုတာကို Twitch ကဘာမှလည်းမပြောပါဘူး။ အဲ့တော့ ကျွန်တော် Ban ခံထားရချိန်မှာ အခြား Fake Stream တွေရဲ့ Giveaway တွေကို လွယ်လွယ်ကူကူရယူကြတာပေါ့” ဆိုပြီး ရေးထားပါတယ်။

S1mple ဆိုလိုချင်တာက Twitch နာမည်ကြီး Streamers တွေရဲ့နာမည်ကိုအသုံးပြုပြီး၊ Twitch မှာ Stream အတုတွေလုပ်တာမျိုးတွေနဲ့ Giveaway အတုတွေပေးအပ်တာမျိုးတွေပြုလုပ်တာမျိုးတွေရှိနေပါတယ်။ ဒါမျိုးတွေကိုတော့ Twitch က ကောင်းကောင်းဖြေရှင်းပေးတာမျိုး မရှိပေမယ့်၊ သူ့ကိုတော့ အခုလိုမျိုး Ban တယ်ဆိုပြီး ပြောဆိုထားတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ S1mple နဲ့ Zeus တို့ဟာ Stream မှာဆော့ကစားနေရင်းနဲ့ လိင်တူကိစ္စများကိုကြောက်ရွံ့တဲ့စကားလုံးတွေ သုံးနှုန်းမိတာနဲ့ ဆဲဆိုမိတာတွေကြောင့် Ban ခံရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အခုလိုမျိုး Unban ပြုလုပ်ပေးထားပေမယ့် Permanent Ban မခံရအောင်တော့ အတော်လေးကို သတိထားရတော့မှာဖြစ်ပါတယ်။

Twitch ကနေပြီးတော့ Dr.Disrespect ကိုလည်း အကြောင်းပြချက်မရှိဘဲ Permanent Ban တာမျိုးတွေ ပြုလုပ်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း Dota 2 ပရိုကစားသမား Black ကိုလည်း Ban လိုက်ပါသေးတယ်။

Ref: Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle